Pages

Pages

အဓမ္မဝါဒဖော်ထုတ်သူ ဆရာဦးအောင်မြိုင်၊ ဆရာဦးအောင်အောင်ဇော် တို့အား ဂုဏဝိသိဌသဘာဂုဏ်ပြုသွားမည်





ရန်ကုန်၊ နိုဝင်ဘာ ၁၅

အဓမ္မဝါဒဖော်ထုတ်သူ ဆရာဦးအောင်မြိုင်၊ ဆရာဦးအောင်အောင်ဇော် တို့အား ဂု‌ဏဝိသိဌသဘာဂုဏ်ပြုပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၁၅.၁၁.၂၀၂၅ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မကွေးပရိယတ္တိစာသင်တိုက်၊ အနော်ရထာလမ်း၊အမှတ်(၁)ရပ်ကွက်တွင် ကျင်းပခဲ့သည်။

ဂု‌ဏဝိသိဌသဘာဂုဏ်ပြုပွဲ အခမ်းအနားကို ၃၀.၁၁.၂၀၂၅(တနဂ်နွေနေ့)တွင်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓမြတ်စွာသာသနာသတော်မြတ်ကြီး အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲစေရန် ရည်သန်၍လည်းကောင်း၊ အဓမ္မဝါဒများ မထွန်းကားစေရန်ရည်သန်၍လည်းကောင်း ထိုအဓမ္မဝါဒများကို အကြိမ်ကြိမ်တွန်းလှန် တိုက်ဖျက်သောအောင်မြိုင်မစိုးရိမ်စာသင်သားနှင့် အောင်အောင်ဇော်(လှိုင်သာယာ)တို့ကို ဂုဏဝိသိဌသဘာဂုဏ်ပြုသွားမည်ဖြစ်ပါ၍ မည်သူမဆိုပါဝင်လှူဒါန်းနိုင်ပါရန် ဆရာတော်ဦးပါမောက္ခက နှိုးဆော်ထားသည်။

အဆိုပါ ဂုဏ်ပြုပွဲအတွက် ဦးပါမောက္ခ(မကွေးကျောင်းဆရာတော်)မှ (၅၀၀၀၀၀၀)သိန်းငါးဆယ် မတည်ထားပြီး၊ ဦးနေမိန္ဒ(မာဂရီသာစည်)ဆရာတော်မှ(၃၀၀၀၀၀)သုံးသိန်းကျပ်၊ ဦးတင်လင်းထိုက်နှင့် ဇနီးမှ(၂၀၀၀၀၀၀)သိန်းနှစ်ဆယ်ကျပ်၊ ကိုအကြီးကောင်(မျိုးချစ်သွေးဓမ္မကွန်ရက်)မှ (၂၀၀၀၀၀၀)သိန်းနှစ်ဆယ်ကျပ်၊ ဦးအောင်ဟိန်း+ဒေါ်မေဇွန်မြင့်(လားရှိူး)မှ (၁၀၀၀၀၀၀)ဆယ်သိန်းကျပ်၊ ဦးရာဇာလင်းမှ (၁၀၀၀၀၀)တစ်သိန်းကျပ် ထည့်ဝင်လှူဒါန်းထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment