မက္ကဆီကိုမှာ ဂျန်ဇတ်တွေနဲ့ ရဲ တွေ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက္ကဆီကိုမှာ ဂျန်ဇတ်တွေနဲ့ ရဲ တွေ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်


နိုဝင်ဘာ - ၁၆ ( တနင်္ဂနွေနေ့ ) 

မက္ကဆီကိုစီးတီးရှိ သမ္မတအိမ်တော်အပြင်ဘက်က ဆန္ဒပြပွဲအတွင်း မျက်နှာဖုံးစွပ်ထားတဲ့ အဓိကရုဏ်းသမားတွေ ဖြစ်တဲ့ အစိုးရဆန့်ကျင်ရေး ဂျန်ဇတ် 'Generation Z'တွေ နဲ့ ရဲတွေ စနေနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ထောင်နှင့်ချီသော ဆန္ဒပြသူများက လွတ်လပ်ရေးအိန်ဂျယ်ကျောက်စာတိုင်မှာ စုဝေးရောက်ရှိခဲ့ကြပြီး သမ္မတရုံး ရှိတဲ့ အမျိုးသားနန်းတော် အပြင်ဘက်သို့ ချီတက်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲသည် ငြိမ်းချမ်းစွာ စတင်ခဲ့သော်လည်း မျက်နှာဖုံးစွပ်ထားတဲ့ အမဲရောင်အဖွဲ့က  လုံခြုံရေးအတားအဆီးများကို ဖြတ်ကျော်ကာ ကျောက်ခဲများဖြင့် ပစ်ပေါက်ကာ အရာရှိများနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း မီဒီယာများက ဖော်ပြကြပါတယ်။  

အခင်းဖြစ်ပွားရာနေရာမှ ဗီဒီယိုများတွင် ဆန္ဒပြသူများက အရာရှိများကို ရိုက်နှက်ကြပြီး ရဲတပ်ဖွဲ့ဝင်များက မြေပြင်ပေါ်တွင် လဲလျောင်းနေတဲ့ဆန္ဒပြသူတွေကို ကန်ကျောက်ခဲ့တာကို တွေ့မြင်ကြရပါတယ်။ 

တစ်နာရီခန့်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ရဲများက ရင်ပြင်ကို ရှင်းလင်းရန် မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ပါတယ်။ 

အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု နဲ့ အကြမ်းဖက်ရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူခြင်းတွေအပေါ် အစိုးရရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီးမကျေနပ်ကြလို့ ဆန္ဒပြနေကြတာလို့ တက်ကြွလှုပ်ရှားသူများက ပြောပါတယ်။ အများအပြားက အာဏာရ လက်ဝဲယိမ်း မိုရီနာပါတီကို ဆန့်ကျင်တဲ့ ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပါတယ်။ 

သမ္မတ ကလော်ရီဒါရှိန်ဘန်း ကတော့ အကြမ်းဖက်မှုကို ရှုတ်ချခဲ့ပါတယ်။ “ပြည်သူတွေက သဘောမတူရင် ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲကနေတဆင့် သူတို့ရဲ့ အမြင်တွေကို ထုတ်ပြောသင့်တယ်။ အကြမ်းဖက်မှုကို အပြောင်းအလဲအတွက် အောင်မြင်တဲ့ နည်းလမ်းအဖြစ် ဘယ်တော့မှ မသုံးရဘူး” လို့ သူမက ပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)