ရေဦးတွင် တက္ကသိုလ်‌/ကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်မဲ စတင်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဦးတွင် တက္ကသိုလ်‌/ကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်မဲ စတင်ပေး




ရေဦး  ၊ နို၀င်ဘာ ၁၉


စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် တက္ကသိုလ်/ကောလိပ် တက်ရောက်ကြမည့်ကျောင်းသားများ ကြိုတင်မဲပေးနေမှုကို နို၀င်ဘာ ၁၈ နေ့နံနက် ၁၀ နာရီမှ စတင်ကာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာရှိ သတ်မှတ်မဲရုံအသီးသီးတွင် လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကျေးကော်မရှင်အဖွဲ့တို့မှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်အချိန် မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) အုပ်စုတို့မှ တက္ကသိုလ်/ကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်မိမိမဲစာရင်းပါရှိရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် ၁၈-၁၁-၂၀၂၅ ရက်နေ့မှ၂၁-၁၁-၂၀၂၅ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်နှင့် ကျောင်းသားကတ် သို့မဟုတ် ကျောင်းဝင်ခွင့် အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးရာ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူ အောင်ဆန်းရပ်ကွက် (၅) ဦး၊ ဗိုလ်အောင်ဇေယျရပ်ကွက် (၄) ဦး၊ ရွှေပြည်သာရပ်ကွက် (၃) ဦး၊ အောင်ချမ်းသာရပ်ကွက် (၂) ဦး၊ အောင်မင်္ဂလာရပ်ကွက် (၂) ဦး၊ စုစုပေါင်းကျောင်းသား/ ကျောင်းသူ ၁၆  ဦး လာရောက်မဲပေးခဲ့ကြောင်း သိရသည်။


သန်းသန်း(ရေဦး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)