မန္တလေး၊ နိုဝင်ဘာ ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီတာဝန်ရှိသူများနှင့်အတူ ၁၇-၁၁-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက တံတားဦးမြို့နယ်၊ အေးကြည်ကုန်းကျေးရွာ အားကစားကွင်းတွင် ပြုလုပ်သော တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးကျော်မိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးဝင်းမင်းထွန်းတို့အား တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ပြီး ပါတီဗဟိုဥက္ကဌ ဦးခင်ရီက နှုတ်ခွန်းဆက်စကားနှင့်အဖွင့်အမှာစကား ပြောကြားကာ ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် တက်ရောက် လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပါတီဥက္ကဌ ဦးခင်ရီက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ တံတားဦးမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ၊ မဲဆန္ဒရှင်ပြည်သူများ၊ စုစုပေါင်းအင်အား (၈၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment