Pages

Pages

ပေါင်မြို့နယ်၌ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး




ပေါင်၊ နိုဝင်ဘာ ၁၇

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချနေသည့် ဆိုင်များအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ ဥက္ကဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍   ပေါင်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးပြီး စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှု မရှိစေရေး၊ စက်သုံးဆီစျေးနှုန်း အတတ်အကျပေါ်မူတည်၍ သတ်မှတ်စျေးနှုန်း အတိုင်း ရောင်းချရေး၊ စက်သုံးဆီများအား ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအား မှာကြားခဲ့သည်။

ပေါင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၂၈)ဆိုင်တွင် နေ့စဥ်ပုံမှန်ဖွင့်လှစ်ပေးလျက်ရှိပြီး ဒေသခံပြည်သူများအတွက် စက်သုံးဆီများပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရ အဖွဲ့မှလည်း လိုအပ်သည့်အကူအညီများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment