ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ အဝေးပြေးယာဉ်လိုင်း Express ကားကြီးများစတင်ပြေးဆွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ အဝေးပြေးယာဉ်လိုင်း Express ကားကြီးများစတင်ပြေးဆွဲ




လွိုင်ကော် ၊  နိုဝင်ဘာ  ၁၈


ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဒေသခံပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် လွိုင်ကော်-ရန်ကုန် ခရီးစဉ်ကို တိုက်ရိုက်စတင် ပြေးဆွဲလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မှရန်ကုန်သို့ ရွှေကိန္ဒရီနှင့် သိန်းသန်းကုဋေ ယာဉ်လိုင်းများမှ အဆင့်မြင့် Express ကားကြီးများဖြင့် စတင်ပြေးဆွဲလျက်ရှိသည်။

အဆိုပါယာဉ်လိုင်းများမှ လွိုင်ကော်-ရန်ကုန် ခရီးစဉ်ကို မနက် (၇)နာရီ နှင့် (၇ ၃၀) နာရီများတွင်လည်းကောင်း၊ ရန်ကုန်-လွိုင်ကော် ခရီးစဉ်ကို ညနေ(၃)နာရီတွင်လည်းကောင်း နေ့စဉ်ပြေးဆွဲလျက်ရှိသည်။

လွိုင်ကော်မှ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးခရီးစဉ်များသို့ နေ့စဉ်ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းပေါင်း (၁၆)ခုရှိကြောင်း ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)