Pages

Pages

တောင်အာဖရိက သမ္မတ ပါးစပ်စည်းကမ်းမရှိလို့ အမေရိကန်က G20 အစည်အဝေးမတက်တာလို့ ဆို




နိုဝင်ဘာ - ၂၃ ( တနင်္ဂနွေနေ့) 

ယခုသီတင်းပတ်ကုန်တွင်ကျင်းပနေတဲ့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ် က ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀ (G20) အစည်းအဝေးမှာ အမေရိကန်က မတက်ရောက်ရတဲ့ အကြောင်းက တောင်အာဖရိကသမ္မတ ရာမာဖိုဆာရဲ့ ပါးစပ်စည်းကမ်းမရှိ အပြောအဆိုတွေကြောင့် ဖြစ်တယ် ဆိုပြီး အိမ်ဖြူတော်က ပြောဆိုလိုက်ပါတယ်။ နောက်ပြီး ရာမာဖိုဆာကိုလည်း အိမ်ဖြူတော်က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ 

အမေရိကန်က ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ တောင်အာဖရိကနိုင်ငံအား ယာယီသံအမတ် မာ့ခ်ဒီလာ့ဒ်ကို စေလွှတ်ရန် စီစဉ်ထားပေမဲ့ နောက်ပိုင်းမှာ အိမ်ဖြူတော်က စိတ်ပြောင်းသွားပြီး ရာမာဖိုဆာ ထံစာပို့ပြီး ပျက်ကွက်လိုက်ပါတယ်။ 

“တောင်အာဖရိကသမ္မတက အမေရိကန်နဲ့ အမေရိကန်သမ္မတကို နည်းနည်းလေးမှ အကောင်းပြောတာကို မတွေ့ရဘူး။ သူ့ရဲ့ပြောစကားတွေက ကျမတို့ကို မလေးစားဘူးဖြစ်နေတာကြောင့် ကျမတို့အနေနဲ့ အခုလိုဆုံးဖြတ်ခဲ့တာပါ” ဆိုပြီး အိမ်ဖြူတော် ပြန်ကြားရေးဌာန ခေါင်းဆောင်ကပြောပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment