ရန်ကုန် ၊ နိုဝင်ဘာ ၁၆
မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် မြောက်ကိုရီယားနိုင်ငံမှ NAEGOHYANG FC အမျိုးသမီးဘောလုံးအသင်းတို့၏ အာရှအမျိုးသမီးချန်ပီယံလိဒ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်ကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။
ထိုသို့ မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် မြောက်ကိုရီယားနိုင်ငံမှ NAEGOHYANG FC အမျိုးသမီးဘောလုံးအသင်းတို့၏ အာရှအမျိုးသမီးချန်ပီယံလိဒ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘောလုံးပရိတ်သတ်များက ကြည့်ရှုအားပေးကြရာ ပွဲပြီးဆုံးချိန်တွင် မြောက်ကိုရီယားနိုင်ငံမှ NAEGOHYANG FC အမျိုးသမီးဘောလုံးအသင်းမှ (၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းသည် အာရှအမျိုးသမီးချန်ပီယံလိဒ်ပြိုင်ပွဲ အုပ်စု(C)တွင် တောင်ကိုရီယားနိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အမျိုးသမီးကလပ် အသင်းများဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို
https://t.me/MyanmarNationalPost
No comments:
Post a Comment