Pages

Pages

လမ်းမတော်မြို့နယ် ဗဟိုအမျိုးသမီးဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ လူနာနှင့် လူနာစောင့်များအား ကိုဗစ်ကာကွယ်ဆေး (Pfizer JN1) ကွင်းဆင်းထိုးနှံပေး

 


လမ်းမတော်  ၊ နိုဝင်ဘာ ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် (၈)ရပ်ကွက်အတွင်းရှိ ဗဟိုအမျိုးသမီးဆေးရုံတွင် (၁၈)နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ လူနာနှင့်လူနာစောင့်များအား ကျန်းမာရေးဦးစီးဌာနမှ ဦးတည်အုပ်စုအလိုက် ကိုဗစ်ကာကွယ်ဆေး (Pfizer JN1)ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနီနီအေး၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဗဟိုအမျိုးသမီးဆေးရုံရှိ အသက်(၁၈) နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ လူနာနှင့်လူနာစောင့်များအား ဦးတည်အုပ်စုအလိုက် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက်ကောက်ယူခြင်းများဆောင်ရွက်ပြီး ကိုဗစ်ကာကွယ်ဆေး (Pfizer JN1) ကို ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment