နေပြည်တော်၊ နိုဝင်ဘာ ၁၆
မေး - ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်က ၎င်း၏သား ၂၀၂၁ အကြမ်းဖက်လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြောင်း ပြောဆို၍ မဲဆွယ်စည်းရုံး သည့် ရုပ်သံကို ထုတ်လွှင့်ပြောဆိုထားပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ယှဉ်ပြိုင်မည့် ဦးလွင်မြင့်က သူ၏အဖေသည် မဆလအစိုးရကို တော်လှန်သဖြင့် အကြိမ်ကြိမ်ထောင်ကျခဲ့ကြောင်း၊ သူ့အနေဖြင့် ၈၈ နောက်ပိုင်း ဗကသတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး အကြိမ်ကြိမ်ထောင်ကျ ခဲ့ကြောင်း၊ သူ၏သားသည် ၂၀၂၁ တော်လှန်ရေးတွင်ပါဝင်ခဲ့ပြီး မကြာသေးခင်က ထောင်မှ လွတ်မြောက်ခဲ့ကြောင်း ပြောဆိုထားခြင်း ဖြစ်ပါတယ်။
NLD ပါတီက မဲလိမ်မဲခိုးမှုများကို မဖြေရှင်းခြင်းကြောင့် တပ်မတော်က အာဏာအရပ် ရပ်ကို လွှဲပြောင်းရယူခဲ့ပြီး NLD ဦးဆောင်သူတချို့၊ ၈၈ မှ မင်းကိုနိုင်တို့က ဦးဆောင် လှုံ့ဆော်ပြီး အပြစ်မဲ့ အရပ်သားပြည်သူများကို သတ်ဖြတ်ခဲ့သည့် လှုပ်ရှားမှုကို အစိုးရက အကြမ်းဖက်လှုပ်ရှားမှုအဖြစ် ကြေညာထားပါတယ်။
ဦးလွင်မြင့်ဟာ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံအားပေး ပြောဆိုသူဖြစ်သဖြင့် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ/ မရှိ UEC မှ ဖြေကြားပေးနိုင်ပါရန် -
ဖြေ - ဦးလွင်မြင့်ဟာ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံအားပေး ပြောဆိုသူဖြစ်သဖြင့် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ/ မရှိ UEC မှ ဖြေကြားပေးနိုင် ပါရန် နောင်တော်လေး Myanmar National Post ၏ မေးခွန်းနှင့်စပ်လျဉ်း၍ မေးခွန်း ပါအကြောင်းအရာ မှန်ကန်ပါက တရားစွဲအဖွဲ့အစည်းများက သက်ဆိုင်ရာဥပဒေဖြင့် အရေးယူဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ အရေးယူဆောင်ရွက်ပြီးလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် သက်ဆိုင်သော လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်များဖြင့် ဆက်လက် အရေးယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။
https://t.me/MyanmarNationalPost

No comments:
Post a Comment