လွိုင်ကော်မြို့တွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့တွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ



လွိုင်ကော်  ၊  ဒီဇင်ဘာ ၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်ကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းကလွိုင်ကော်မြို့ ဗဟိုဈေး၊ သီရိမင်္ဂလာဈေး၊ နောင်ယားကန်သာ၊ ထေးငှားလျားကန်နှင့်လွိုင်ကော် တက္ကသိုလ်တို့တွင်  မိဘပြည်သူများ၊ ဈေးရောင်းဈေး၀ယ်များ၊ ကာယဉာဏအလုပ်သမားများနှင့် ၀န်ထမ်းများအား ဖြန့်ဝေခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်တွင် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့”ဆောင်ပုဒ်နှင့်အညီ “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက်ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ”၊ “ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်”၊ “ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့”၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့” စသည့်အကြောင်းအရာများပါ လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၀န်ထမ်းများက ဖြန့်ဝေပေးခဲ့‌သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)