Pages

Pages

ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် စောင်၊ အခင်း၊ မီးဖိုဆောင်သုံးပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်



မြစ်ကြီးနား  ၊ ဒီဇင်ဘာ ၄


ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့် ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ ဂျာမိုင်ကောင်းတိုက်ပွဲရှောင်စခန်းနှင့် ဒူကထောင် တိုက်ပွဲရှောင်စခန်းရှိ ဖားကန့်မြို့နယ်မှ တိမ်းရှောင်လာကြသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ဆောင်း တွင်းကာလ လိုအပ်သည့်အသုံးအဆောင်များဖြစ်သည့် စောင်၊ အခင်း များအပြင် မီးဖိုဆောင်သုံး ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်၍ ရာသီဥတုချမ်းအေး လာပြီဖြစ်သဖြင့် တိုက်ပွဲရှောင် စခန်းနေပြည်သူများ လိုအပ်လျှက်ရှိသော စောင်နှင့်အခင်းများအပြင် မီးဖိုဆောင်သုံးတဲ့ Kitchen Set များ၊ ဆောက်လုပ်ရေးသုံး Shelter Tools များကို ထောက်ပံ့ပေးအပ် ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းအစီအစဥ်ဖြင့်  မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့မှ တိုက်ပွဲ ရှောင်စခန်း (၁၁)ခုရှိ အိမ်ထောင်စုပေါင်း (၃၈၇)စုအတွက် စောင်နှင့် အခင်းတို့အပြင် Kitchen Set (၁၄၁) ခု၊ Shelter Tools (၅၁) စုံတို့ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့်လွန်ခဲ့သည့် နိုဝင်ဘာလတွင်လည်း ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှပြုလုပ်သည့် ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်းအစီအစဉ်ဖြင့် မြစ်ကြီးနားမြို့အတွင်းရှိ တိုက်ပွဲရှောင်စခန်း (၆)ခုမှ အိမ်ထောင် စု (၃၁၁)စုအတွက် ထောက်ပံ့ပေးအပ်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment