Pages

Pages

လစ်လပ်လျက်ရှိသည့် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် (၂)ပါးနေရာတို့အတွက် အစားထိုးရွေးချယ်ပွဲ အခမ်းအနား ကျင်းပ




မောက်မယ်၊ ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်နှင့် မိုးနဲမြို့နယ်တို့တွင် လစ်လပ်လျက်ရှိသည့် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် (၂)ပါးနေရာတို့အတွက် အစားထိုးရွေးချယ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက ကမ္မဋ္ဌာန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ လဲချားမြို့ ဟော်ခမ်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဘောဂါဘိပါလ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က အစည်းအဝေးဖွင့် သြဝါဒကထာမြွက်ကြားတော်မူပြီး လစ်လပ်လျက်ရှိသော မောက်မယ်မြို့နယ်နှင့် မိုးနဲမြို့နယ် သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် (၂)ပါးနေရာတို့အတွက် အခမ်းအနားမှူးဆရာတော်မှ အမည်စာရင်းဖတ်ကြားခြင်း၊ အစားထိုးရွေးချယ်နိုင်ရန် ဆရာတော်ကြီးများ၏ အမည်စာရင်းတင်သွင်းခြင်းနှင့် အတည်ပြုခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


စိုင်းမျိုးသန့်(မောက်မယ်)

#MNP #News #2025Election

No comments:

Post a Comment