Pages

Pages

ထိုင်ဝမ်မြို့တော်မှာ လူတစ်ယောက် ဓားကိုင်သောင်းကျန်းလို့ ၃ ဦး သေဆုံး


ဒီဇင်ဘာ - ၂၀ ( စနေနေ့ ) 

ထိုင်ဝမ်မြို့တော် တိုင်ပေတွင် ဓားနှင့် မီးခိုးဗုံးများ ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးက တွေ့ကရာလူတွေကို ဓားနဲ့လိုက်ထိုးလို့  သုံးဦးထက်မနည်း သေဆုံးကာ ကိုးဦး ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း မီဒီယာများက မနေ့က ဖော်ပြခဲ့ပါတယ်။  

သံသယရှိသူက ညနေရုံးဆင်းအချိန်အတွင်း မြို့ပတ်ဘူတာရုံတစ်ခုရဲ့ ထွက်ပေါက်တစ်ခုသို့ မီးခိုးဗုံးများ စတင်ဖောက်ချခဲ့ပြီး လူများကို ဓားဖြင့် တွေ့ကရာလူတွေကို လိုက်ထိုးခဲ့ပါတယ်။  သေဆုံးသူတစ်ဦးမှာ နှလုံးသွေးကြောကို တိုက်ရိုက်ထိုးမိလိုက်လို့ သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ 

အသက် ၂၇ နှစ်အရွယ် သံသယရှိသူကို ရဲတပ်ဖွဲ့က လိုက်ရှာနေစဉ်အတွင်းမှာပဲ သူက အဆောက်အအုံတစ်ခုပေါ်မှ ခုန်ချခဲ့ပြီးသေကြောင်းကြံခဲ့လို့ ဆေးရုံတွင်ပင် သေဆုံးသွားခဲ့ကြောင်း တိုင်ပေတိုင်းမ် သတင်းဌာနက ရေးသား ခဲ့ပါတယ်။ 

ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေတဲ့ ဗီဒီယိုများတွင် မျက်နှာဖုံးနဲ့ ကျည်ကာဝတ်စုံဝတ်ထားတဲ့ တိုက်ခိုက်သူက ဓားရှည်ကိုင်ဆောင်ကာ ကျောပိုးအိတ်အတွင်းမှာယူဆောင်လာတဲ့ မီးခိုးဗုံးများအား ပစ်ပေါက်ခဲ့တာကို ပြသခဲ့ပါတယ်။  

သံသယရှိသူက နေထိုင်ခွင့်ကို မှတ်ပုံတင်ဖို့ သတိပေးချက်ရတာကို ပျက်ကွက်ခဲ့သဖြင့် ဖမ်းဝရမ်းထုတ်ခံရသူ ဖြစ်တယ်လို့လည်း ဒေသဆိုင်ရာ ခရိုင်ရှေ့နေရုံး၏ အချက်အလက်ကို ကိုးကားပြီး သတင်းဌာနကဖော်ပြခဲ့ပါတယ်။ 

သံသယရှိသူက မြို့ပတ်ဘူတာရုံသို့ မသွားရောက်မီ သူနေထိုင်တဲ့အိမ်နှင့် ယာဉ်များကို မီးရှို့ရာခဲ့တာကို နံနက်အစောပိုင်းတွင် လုပ်ခဲ့ပြီးမှ ညနေပိုင်းမှာ ဓားနဲ့လိုက်ထိုးခဲ့တယ်လို့ သိရပါတယ်။ 


 REF: RT

#News #MNP #International

No comments:

Post a Comment