Pages

Pages

တပ်ကုန်းမြို့နယ်၌ ၂၀၂၅-၂ဝ၂၆ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

 


တပ်ကုန်း  ၊ ဒီဇင်ဘာ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာ၊ အောင်မြေဧရာမင်း(လယ်/ထွေ) သမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ ဦးထွန်းလင်း၏ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မိုးစပါးစိုက်ဧက ၅ဝဝ ပေါ်ရှိ အောင်နိုင်တိုးမိုးစပါးများ ရိတ်သိမ်းနေမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိမှု ရှိ/မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများ  ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ကြည့်ရှုရာတွင် နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက မိုးစပါးရိတ်သိမ်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက လိုအပ်သည်များ မှာကြားကာ တောင်သူများ၏ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment