မဟာအောင်မြေ ၊ ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ မြေစိုက်ပိုစတာစိုက်ထူခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက မဟာအောင်မြေမြို့နယ်ရှိ လူစည်ကားရာ နေရာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူးခြင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်စာရေးများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများမှ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မဟာအောင်မြေမြို့နယ်အတွင်းရှိ လူစည်ကားသည့်နေရာတို့တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment