Pages

Pages

အနောက် ဥရောပခေါင်းဆောင်တွေ က လူလိမ်တွေလို့ ပူတင်စွပ်စွဲပြီ


ဒီဇင်ဘာ - ၁၈ ( ကြာသပတေးနေ့ ) 

မော်စကိုက မကြာမီကာလအတွင်း ဥရောပကို  တိုက်ခိုက်မှုလုပ်လိမ့်မယ်ဆိုတဲ့ အနောက်အုပ်စုရဲ့ ပြောဆိုချက်တွေက "အဓိပ္ပါယ်မရှိတဲ့ လိမ်ညာမှု သက်သက်ပါ" လို့  ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောဆိုလိုက်ပြီး သူတို့က ဥရောပတိုက်မှာ စစ်မီးလောင်နေတာကို တမင်သက်သက် လိုချင်နေကြတာ လို့လည်း ပြောသွားပါတယ်။ 

မနေ့က ကာကွယ်ရေးဝန်ကြီးဌာန ဘုတ်အဖွဲ့အစည်းအဝေးတစ်ခုမှာ ပူတင်က ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေးအခြေအနေသည် တင်းမာနေကြောင်း၊ အချို့ဒေသများတွင် ပြင်းထန်စွာစိုးရိမ်ရနေကြောင်း၊ ရုရှား နဲ့ မလွှဲမရှောင်သာ တိုက်ပွဲဖြစ်လာနိုင်စရာရှိကြောင်း၊ ဥရောပ နိုင်ငံတွေက လူထုကို မှိုင်းတိုက်ပြီး စစ်ကိုမြှူနေကြောင်း ဒါကြောင့် ရုရှားစစ်တပ်တပ်တွေကို ခေတ်မီအောင် နဲ့ အဆင်သင့်ဖြစ်အောင် လုပ်ထားဖို့လိုကြောင်း ပြောသွားပါတယ်။

“ရုရှားက ဥရောပနိုင်ငံတွေကို စစ်ပွဲဆင်နွဲမှု လုပ်မှာမဟုတ်ဘူး လို့ ကျနော်အကြိမ်ကြိမ်ပြောပါတယ်။ ဒါပေမဲ့ သူတို့က စိတ်ကူးယဉ်ပြီးတော့ ရုရှား ကျူးကျော်လာလိမ့်မယ်ဆိုပြီး အဓိပ္ပါယ်မရှိတဲ့ မဟုတ်တမ်းတရားတွေကို လီဆယ်ပြီးတော့ လူထုကို စည်းရုံးသိမ်းသွင်းနေပါတယ်။ အီးယူ အရာရှိတွေက ၎င်းတို့ရဲ့ တာဝန်ကို မေ့လျော့ပြီး ကိုယ်ရေးကိုယ်တာ သို့မဟုတ် နိုင်ငံရေး ရေတို အကျိုးစီးပွားတွေ အတွက် လုပ်နေတာ” လို့ပြောသွားပါတယ်။ 

ရုရှား သမိုင်းတစ်လျှောက်လုံးမှာ အခက်ခဲဆုံးအခြေအနေတွေရှိခဲ့တုန်းကလည်း ရုရှားအနေနဲ့ ပဋိပက္ခတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့ကို အခွင့်အလမ်းအနည်းငယ်မျှသာ ရှိနေရင်တောင် လက်မလွတ်ခဲ့ဘူး လို့ ပြောပါသေးတယ်။ "ကံမကောင်းစွာပဲ၊ ဥရောပနိုင်ငံအများစုရဲ့ လက်ရှိခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ဘာတွေဖြစ်နေတယ်ဆိုတာကို မပြောနိုင်ပါဘူး" လို့ ဆိုလိုက်ပါတယ်။ 

ရုရှားနိုင်ငံက နိုင်ငံတကာမှာ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ လုံခြုံရေး၊ အနာဂတ်နှင့် ဗျူဟာမြောက် တန်းတူညီမျှရေး ရရှိမှုအတွက် အဓိက အာမခံနိုင်တဲ့ နိုင်ငံအဖြစ် ရှိနေကြောင်း နဲ့ ရုရှား လက်နက်ကိုင်တပ်ဖွဲ့များ ဆက်လက်ရှိမယ်လို့ ပြောသွားပါတယ်။ 


REF: RT

#News #MNP #International

No comments:

Post a Comment