Pages

Pages

နိုင်ဂျီးရီးယား က အကြမ်းဖက်သမားတွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေ




ဒီဇင်ဘာ- ၂၇ ( စနေနေ့ ) 

နိုင်ဂျီးရီးယားနိုင်ငံထဲကို လာပြီး အမေရိကန်တွေက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာနဲ့ ပတ်သက်ပြီး နိုင်ဂျီးရီးယား အစိုးရက ယခင်ကပယ်ချခဲ့ပေမဲ့ ခရစ္စမတ်ကာလအတွင်းက နိုင်ငံ အနောက်မြောက်ပိုင်းရှိ အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်သည့် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကို တော့ ထောက်ခံခဲ့ပါတယ်။ နိုင်ဂျီးရီးယားက အမေရိကန်နဲ့ “ဖွဲ့စည်းပုံ” လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ခဲ့ကြောင်း အနောက်အာဖရိက အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။ 

သောကြာနေ့က ထုတ်ပြန်ချက်တွင် နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီဘီရန်ဖာ က နှစ်နိုင်ငံ သဘောတူညီချက်တွင် ထောက်လှမ်းရေး မျှဝေမှု၊ မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာ ဥပဒေနှင့် အချုပ်အခြာအာဏာကို အပြန်အလှန် လေးစားမှုတို့ ပါဝင် လုပ်ဆောင်ခဲ့တာပါလို့ ဆိုပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ဂျီးရီးယားရှိ ဘိုကိုဟာရမ် အပါအဝင် IS စစ်သွေးကြွများအား အတွဲလိုက် တိုက်ခိုက်မှုများကိုလုပ်ဖို့ ခရစ္စမတ်နေ့တွင် ကြေညာခဲ့ပါတယ်။ နိုင်ဂျီးရီးယားမှာ  ခရစ်ယာန်များအား “လူမျိုးတုံးသတ်ဖြတ်မှု” အလုပ်ခံနေရာတာနဲ့ ခြိမ်းခြောက်မှုများ ပြုလုပ်ခံနေရာတာတွေကို လက်တုံ့ပြန်ဖို့အတွက် အမေရိကန်က အကြမ်းဖက်သမားတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။ 

ဆိုကိုတို ပြည်နယ်မှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ပျက်စီးသွားတဲ့ အတိုင်းအတာကို ထရမ့် က မဖော်ပြခဲ့ပါဘူး။ အာဖရိကဆိုင်ရာ အမေရိကန် စစ်ဌာနချုပ်ရဲ့ စစ်ဆင်ရေးများကို နိုင်ဂျီးရီးယား အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ကာကွယ်ရေးဝန်ကြီး ပီတီ ဟက်ဆက်သ် က “နောက်ထပ် [တိုက်ခိုက်မှုများ]” ဖြစ်လာဦးမယ်လို့ ပြောထားပါတယ်။ 

ပြီးခဲ့သောလအတွင်းကတော့ နိုင်ဂျီးရီးယားသည် ခရစ်ယာန်များအား အထူးညှဉ်းပန်းနှိပ်စက်ခံနေရတယ်ဆိုတဲ့ ထရမ့်အစိုးရရဲ့ ပြောဆိုချက်ကို ပယ်ချခဲ့ပြီး ခရစ်ယာန်တွေရဲ့ မလုံခြုံမှုက ဘာသာပေါင်းစုံမှလူများကို ထိခိုက်စေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်သည့် ပြင်ပအကူအညီမှန်သမျှ နိုင်ငံရဲ့အချုပ်အခြာအာဏာကို လေးစားရမည်ဟုလည်း အစိုးရက အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

သောကြာနေ့က သီးသန့်အင်တာဗျူးတစ်ခုတွင်၊ နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနျူဘူ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဘဝါလာက အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့်အတွက် မကြာသေးမီက အမေရိကန်စစ်တပ်ရဲ့ တိုက်ခိုက်မှုများကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။


REF: RT

#News #MNP #International

No comments:

Post a Comment