Pages

Pages

မြန်မာသံရုံး၊ နယူးဒေလီမြို့ရှိ သံရုံးသစ်နှင့် ဝန်ထမ်းနေအိမ်အဆောက်အအုံ မြေသန့်မင်္ဂလာ နှင့် ပန္နက်တင်အခမ်းအနား ကျင်းပပြုလုပ်


နယူးဒေလီ၊ ဒီဇင်ဘာ ၁၈

မြန်မာသံရုံး၊ နယူးဒေလီမြို့တွင် (၄)ထပ်သံကူကွန်ကရစ် သံရုံးအဆောက်အအုံသစ်နှင့် ဝန်ထမ်း အိမ်ရာတည်ဆောက်ရေး မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားအား ၁၆-၁၂-၂၀၂၅ ရက်၊ အင်္ဂါနေ့၊ နံနက် (၁၀:၀၀) နာရီတွင် မြန်မာသံရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဒေလီတက္ကသိုလ်မှ ဆရာတော်များက အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပြီး ဆုတောင်းမေတ္တာပို့သခဲ့ပါသည်။ အခမ်းအနားအစီအစဉ်အရ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးက အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ဆောက်လုပ် ရေးကုမ္ပဏီ Chopra Constructions ၏ တာဝန်ရှိသူ Mr. Vikram Chopra မှလည်း ကျေးဇူး တင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီး ဦးဇော်ဦး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဇော်မိုးလွင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီ Chopra Constructions ၏ တာဝန်ရှိသူ Mr. Vikram Chopra တို့က ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ ပါသည်။ ဆက်လက်၍ (၄)ထပ်သံကူကွန်ကရစ် သံရုံးအဆောက်အအုံသစ်နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံးတို့မှ အရာထမ်း၊ ဝန်ထမ်းများနှင့် အခြား ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး နေ့ဆွမ်း/ နေ့လယ်စာတို့ဖြင့် တည်ခင်းကျွေးမွေးဧည်ခံခဲ့ပါသည်။


#MNP #News 

No comments:

Post a Comment