Pages

Pages

ကိုကိုးကျွန်းမြို့နယ်၌ တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာ




ကိုကိုးကျွန်း ၊ ဒီဇင်ဘာ ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက် တတိယအကြိမ်မဲစာရင်းကပ်ထားကြေငြာခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီမှ စတင်၍ အမှတ် (၁) ရက်ကွက်နှင့် အမှတ် (၂) ရက်ကွက် ကော်မရှင်ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါတတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာ (၂၃) ရက်မှ ဇန်နဝါရီလ (၅) ရက်နေ့အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment