Pages

Pages

ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board - PLB) တွင် ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဝင်ရောက်ခြင်းနှင့် အစုရှယ်ယာ စတင်ရောင်းဝယ်ခြင်း အခမ်းအနားကျင်းပ


ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် G.B.S Agri-cultural Services Public Company Limited အစုရှယ်ယာ များ စတင်ရောင်းဝယ်ခြင်း အခမ်းအနားကို ယမန်နေ့က ရန်ကုန်စတော့အိတ်ချိန်း ပင်မခန်းမဆောင်၌ကျင်းပရာ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်စတော့အိတ်ချိန်းမန်နေဂျင်း ဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ G.B.S Agricultural Services Public Company Limited မှ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အမှာစကားပြောကြားပြီး အစုရှယ်ယာများ စတင်ရောင်းဝယ်ချိန် နံနက် ၁၀ နာရီတွင် ရန်ကုန်စတော့အိတ်ချိန်း မန်နေဂျင်းဒါရိုက်တာ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦး၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အတွင်းရေးမှူး ဦးမင်းဇော်ဝင်း၊ ဂျီဘီအက် (စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဦးစိုးလှိုင်နှင့်ဒုတိယဥက္ကဋ္ဌ ဦးအောင်အောင်တို့နှင့်အတူ စာရင်းဝင်အကြိုဈေးကွက်တွင် အစုရှယ်ယာများမှတ်ပုံတင်ခြင်း အထိမ်းအမှတ်အဖြစ် အောင်ဇေယျတုခေါင်းလောင်းကို (၃)ကြိမ်စီ တီးခတ်ကာ ဈေးကွက်ဖွင့်လှစ်ပေးပြီး ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီ လီမိတက်ကို စာရင်းဝင်အကြို ဈေးကွက် (PLB) တွင် မှတ်ပုံတင်ခြင်းအတွက် အသိအမှတ်ပြု လက်မှတ်ပေးအပ်၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


#News #MNP

No comments:

Post a Comment