ICJ မှာ ဘင်္ဂါလီအရေးကိစ္စကို အကြောင်းပြုပြီး ဂမ်ဘီယာက တရားစွဲဆိုလို့ မြန်မာပြည်က ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ယခင် NLD အစိုးရလက်ထက်မှာ အစပြုခဲ့တဲ့ တရားစွဲဆိုမှုကို ယခုအစိုးရလက်ထက်မှာလည်း ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းပြီး ရင်ဆိုင်ဖြေရှင်းနေပါတယ်။
ပထမအကြိမ်သွားရောက်ခဲ့စဉ်ကလည်း ဂမ်ဘီယာအနေနဲ့ တရားလိုလုပ်ခွင့်မရှိဘူးဆိုတာကို နိုင်ငံတကာဥပဒေများနဲ့အညီ ထောက်ထားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို ရဟန်းရှင်လူပြည်သူအားလုံးက နှစ်ထောင်းအားရဖြစ်ကြတဲ့အတွက် အပြန်ခရီး လေယာဉ်ကွင်းမှာ သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
ယခုတစ်ကြိမ် ကြားနာပွဲကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က စတင်ခဲ့ပါတယ်။ ဂမ်ဘီယာဘက်က ကိုယ်စားလှယ်အဖွဲ့ရဲ့ဖွဲ့ တင်ပြချက်တွေမှာတော့ အတည်မပြုနိုင်တဲ့ Facebook က စကားစုတွေကို သက်သေအဖြစ်တင်သွင်းလာတာရှိသလို ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေလိုတဲ့အတွက် ဆရာတော်သံဃာတော်များကိုပါ လူမျိုးတုန်းသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်နေသယောင် လုပ်ကြံဖန်တီးတင်ပြမှုတွေကို အရှက်သိက္ခာကင်းမဲ့စွာ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
ဒါနဲ့တဆက်တည်းမှာပဲ ICJ တရားရုံးမှာ ခိုးဝင်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ARSA ကို မသိဘူးဆိုတဲ့ သတင်းစကားလည်း ထွက်လာခဲ့ပါတယ်။ ဒီနေရာမှာတော့ အိုအိုင်စီရဲ့ လက်ပါးစေ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar အစရှိသော လူမျိုးလိမ်နာမည်တစ်လုံးနဲ့ ကိုယ်ကျိုးရှာနေတဲ့ ပြည်ဖျက်မီဒီယာအုပ်စုနဲ့ NUG က အောင်မျိုးမင်းတို့လို လူ့အခွင့်အရေးအရည်ခြုံ လူ့ငနွားတွေကို ပြေးမြင်ယောင်မိပါတယ်။ ပြည်ပြေး ဝရမ်းပြေး သခင်အားရ ကျွန်ပါးဝတဲ့ကောင်တွေ မင်းတို့ သတင်းစာမျက်နှာတွေမှာ ARSA အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်လို့ ရေးသားခဲ့တာတွေကို ဂမ်ဘီယာဘက်ကို ပေးလိုက်ကြအုံး။ ဆရာတော်ကြီးတွေ ဟောတဲ့တရားကိုတော့ လူမျိုးတုန်းသတ်ဖြတ်ရန် ညွှန်းဆိုပါတယ်ဆိုပြီး ဂမ်ဘီယာဘက်ကို စနစ်တကျ သွားသင်ပေးထားပြီးတော့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေကိုတော့ ဘာလို့ ဖုံးကွယ်ထားတာလဲ။ မင်းတို့ရဲ့ လိမ်ညာကောက်ကျစ်ယုတ်မာမှုကြီးက သိသာထင်ရှားသွားမှာပေါ့။ ပိပိရိရိ လိမ်ကြ။ အလိမ်လွန်ရင်လည်း ပြတ်ထွက်တတ်တယ်နော်။
ဆိုပါတော့ ARSA အကြမ်းဖက်အဖွဲ့ကိ မသိပါဘူးဆိုသူတွေ Google မှာပဲ ARSA အကြမ်းဖက်အဖွဲ့ (သို့မဟုတ်) ARSA Terrorist Group လို့ ရှာလိုက်ပါ။ ခိုးဝင်ဘင်္ဂလီအကြမ်းဖက်အဖွဲ့ အကြောင်း wikipedia မှာလည်း တင်ထားသလို DVB, Mizzima, The Irrawaddy တို့လို သတင်းစာမျက်နှာတွေမှာလည်း ပလူပျံအောင် ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ အနည်းငယ်မျှ ကောက်နှုတ်ဖော်ပြရရင် Wikipedia မှာ - အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။
ယခင်အမည် Harakah al-Yaqin ဖြစ်သောအာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (အင်္ဂလိပ်: Arakan Rohingya Salvation Army; အတိုကောက် အာဆာ, ARSA)သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ International Crisis Group မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ထုတ်ပြန်သော အစီရင်ခံစာအရ ပါကစ္စတန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာတွင် ကြီးပြင်းခဲ့သော ဘင်္ဂါလီ (သူတို့အသုံး- ရိုဟင်ဂျာ) လူမျိုး Ataullah abu Ammar Jununi က ဦးဆောင်သည်။အခြားဦးဆောင်သူများတွင် ဆော်ဒီအာရေဗျတွင် ခိုလှုံနေထိုင်ကြသောဘင်္ဂါလီ (သူတို့အသုံး- ရိုဟင်ဂျာ)ကော်မတီတစ်ခု ပါဝင်သည်။
မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီက အာဆာ အား အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။အာဆာအား အကြမ်းဖက်အဖွဲ့အဖြစ် မလေးရှားနိုင်ငံကလည်း သတ်မှတ်ထားသည်။
အာဆာတွင် အစ္စလာမ်နိုင်ငံများ ပါဝင်ပတ်သက်နေသည်ဟု မြန်မာနိုင်ငံ အစိုးရက စွပ်စွဲထားသော်လည်း ခိုင်လုံသော သက်သေအထောက်အထားများ မရှိခဲ့ပေ။ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၈ ရက်နေ့တွင် အာဆာက ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ စွပ်စွဲချက်များသည် အခြေအမြစ်မရှိဟု ငြင်းဆိုခဲ့ပြီး အာဆာ၏ အဓိက ရည်ရွယ်ချက်မှာ ဘင်္ဂါလီ (သူတို့အသုံး- ရိုဟင်ဂျာ)များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
တိုက်ပွဲများ -
၂၀၁၇ခုနှစ်ဩဂုတ်လ ၂၅ ရက်နေ့က၊ မြန်မာ နယ်ခြားစောင့် ကင်းစခန်း အခု ၃ဝ ဝန်းကျင်ကို Arsaတပ်များဝင်ရောက်တိုက်ခိုက်ခဲသည်။ထိုအချိန်မှစပြီးမြန်မာစစ်တပ်နှင်Arsa တို့၂၀၁၈နှစ်ကုန်ခန့်အထိ တိုက်ပွဲများဖြစ်ပွားခဲ့လေသည်။
ဒါက Wikipedia ရဲ့ ဖော်ပြချက်ပါ။ ဒီအချက်အလက်ကို ကြည့်ခြင်းအားဖြင့်ပဲ ၂၀၁၇ အခင်းအကျင်းကို အကြောင်းပြုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်ပါတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ လုပ်ကြံဖန်တီး စွဲဆိုမှုဖြစ်ကြောင်း သိမြင်နားလည်ကြရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် နိုင်ငံတကာရှေ့နေကြီး Christopher Gosnellကလည်း ICJ ကြားနာမှု (Verbatim Record CR 2019/20) တွင် ဥပဒေကြောင်းအရ အချက် ကျကျ ခုခံခဲ့သည်။ သူ၏ အဓိက ငြင်းခုံချက်မှာ မျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက်ကို ကောက်ချက် ချရာတွင် အဆိုပါကောက်ချက်သည်သာလျှင် တစ်ခုတည်းသော ယုတ္တိရှိသည့် ကောက်ချက် (The only reasonable inference) ဖြစ်ရမည်ဟု ဆိုသည်။ အကယ်၍ စွပ်စွဲထားသော လုပ်ရပ်များအပေါ် အခြားသော ဖြစ်နိုင်ခြေရှိသည့် အကြောင်းပြချက်များ (ဥပမာ- တရားဝင်စစ်ရေးရည်မှန်းချက်များ သို့မဟုတ် အကြမ်းဖက်မှုနှိမ်နင်းရေး) ရှိနေပါက မျိုးတုံးသတ်ဖြတ်မှုဟု သတ်မှတ်၍မရကြောင်း သူက ထောက်ပြခဲ့ပါတယ်။
ထို့ပြင် "နယ်မြေရှင်းလင်းရေး" (Clearance Operations) ဟူသော ဝေါဟာရအပေါ်တွင်လည်း Gosnell က ရှင်းလင်းခဲ့သည်။ ဤစကားရပ်သည် မြန်မာနိုင်ငံတွင် ၁၉၅၀ ပြည့်နှစ်များကတည်းက အသုံးပြုခဲ့သော စံသတ်မှတ်ချက် စစ်ရေးဝေါဟာရသာဖြစ်ပြီး၊ နယ်မြေတစ်ခုအတွင်းရှိ လက်နက်ကိုင်ရန်သူများကို ဖယ်ရှားရန် စစ်ရေးအရ ကြိုးပမ်းမှုကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း၊ ယင်းကို မျိုးတုံးသတ်ဖြတ်မှု စီမံချက် အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းမှာ မှားယွင်းကြောင်း သူက ဆိုသည်။ နေအိမ်များ မီးလောင်ကျွမ်းခြင်းသည် လည်း စစ်ရေးဗျူဟာအရ လိုအပ်ချက် (Military Necessity) ဖြစ်နိုင်သလို၊ အကြမ်းဖက်အုပ်စုများ၏ လက်ချက်လည်း ဖြစ်နိုင်သဖြင့် ယင်းကို စနစ်တကျ မျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်အဖြစ် တိုက်ရိုက် ကောက်ချက်ချ၍ မရနိုင်ကြောင်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။
ARSA အကြမ်းဖက်အဖွဲ့ မရှိဘူး၊ မသိဘူးဆိုသူတွေအတွက်တော့ အိုအိုင်စီရဲ့ လက်ပါးစေ ပြည်ဖျက်မီဒီယာတွေ ရေးသားထားတဲ့ သတင်းတချို့ကို ပြန်လည်လေ့လာကြည့်ပါလို့ ပြောချင်ပါတယ်။
နိရဉ္ဖရာသတင်းဌာန က ၂၀၂၅ခုနှစ်၊ အောက်တိုဘာ (၁)ရက်နေ့မှာ ARSA အကြမ်းဖက်အဖွဲ့နဲ့ AA အကြမ်းဖက်အဖွဲ့ရဲ့ သတင်းကို "ARSA အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ပြီး စွန့်ပစ်ထားသော ရခိုင်ပြည်သူခြောက်ဦး၏ရုပ်အလောင်းကို တွေ့ရှိဟု AA ထုတ်ပြန်" ဆိုတဲ့ ခေါင်းစဉ်နဲ့ မောင်ဇာဂ က ရေးသားတင်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အလားတူ ၂၀၁၇ ဝန်းကျင်းကို ပြန်ကြည့်မယ်ဆိုရင် -
အိုအိုင်စီရဲ့ လက်ပါးစေ DVB သတင်းဌာန က ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့မှာ "အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ကို အန္တရာယ်ရှိ အကြမ်းဖက်အဖွဲ့အဖြစ် ဖေ့စ်ဘွတ်ခ် သတ်မှတ်" တဲ့အကြောင်း ရေးသားဖော်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဆင်ဟွာတသင်းမှာဆိုရင် ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတဲ့အကြောင်း "Arakan Rohingya Salvation Army (ARSA) ကို အကြမ်းဖက်အုပ်စုဖြစ်သည်ဟုကြေညာချက်ထုတ်ပြန်" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားဖော်ပြထားပါတယ်။
ဒါက သက်သေအနည်းငယ်ကိုသာ ကောက်နှုတ်တင်ပြခြင်း ဖြစ်ပါတယ်။ ARSA အကြမ်းဖက်အဖွဲ့ကို မရှိဘူး၊ မသိဘူးဆိုရင်တော့ ICJ လို နေရာမျိုးမှာ လာပြီး အာမချောင်နဲ့လို့ ခပ်ရိုင်းရိုင်း ပြောရမှာ ဖြစ်ပါတယ်။ ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာ နိုင်ငံတော်မှတ်တမ်းနဲ့ တကွ ရှိပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့က ဒါတွေ ထုတ်ပြတဲ့အခါ အိုအိုင်စီရဲ့ လက်ပါးစေ ဂမ်ဘီယာနဲ့ မြန်မာပြည်က သစ္စာဖောက် လောက်ကောင်တွေ အရှက်ဗြန်းဗြန်းကွဲရပါလိမ့်မယ်။
ကိုးကား -
https://my.wikipedia.org/wiki/%E1%80%A1%E1%80%AC%E1%80%9B%E1%80%80%E1%80%94%E1%80%BA%E1%80%9B%E1%80%AD%E1%80%AF%E1%80%9F%E1%80%84%E1%80%BA%E1%80%82%E1%80%BB%E1%80%AC_%E1%80%80%E1%80%9A%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%90%E1%80%95%E1%80%BA%E1%80%99%E1%80%90%E1%80%B1%E1%80%AC%E1%80%BA
https://burmese.narinjara.com/news/detail/68dcb158994665e2cc1fe9ed
https://www.dvb.no/post/225969
https://xinhuamyanmar.com/news/myanmar/politics-law-military/arakan-rohingya-salvation-army-arsa-%E1%80%80%E1%80%AD%E1%80%AF-%E1%80%A1%E1%80%80%E1%80%BC%E1%80%99%E1%80%BA%E1%80%B8%E1%80%96%E1%80%80%E1%80%BA%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%85/
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment