Pages

Pages

နောက်နှစ် စက်တင်ဘာမှာ အီးယူက ရုရှားလောင်စာတွေကို လုံးဝမဝယ်ဖို့ ဥပဒေပြဌန်းလိုက်ပြီ


ဇန်နဝါရီ - ၂၇ (အင်္ဂါနေ့) 

အီးယူအဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၇ ခုနှစ် နှောင်းပိုင်းတွင် ရုရှားဓာတ်ငွေ့တင်သွင်းမှုကို လုံးဝရပ်ဆိုင်းရန် ဥပဒေကြမ်းကို တနင်္လာနေ့တွင် အပြီးသတ် အတည်ပြုပေးခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီးနောက် ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့တာပါ။ အဆိုပါ အစီအစဉ်သည် စွမ်းအင်ကုန်ကျစရိတ် ပိုမိုမြင့်မားစေမယ်လို့ အီးယူ နိုင်ငံအချို့မှ ဆန့်ကျင်မှုများရှိတာကြောင့် အဲ့ဒိဥပဒေကြောင့် အီးယူနိုင်ငံများအတွင်း အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ 

ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုကို အပြည့်အဝ ပိတ်ပင်လိုက်ပြီမို့လို့ ရုရှားပိုက်လိုင်းမှ ဓာတ်ငွေ့များ ပေးပို့ခြင်းအပေါ် ၂၀၂၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ တားမြစ်သွားမယ်လို့ အီးယူ ကောင်စီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အတည်ပြုထားသော စည်းမျဉ်းအရ အီးယူ အဖွဲ့ဝင်နိုင်ငံများသည် တိုင်းပြည်ထဲကို တင်သွင်းခွင့်မပြုမီ ဓာတ်ငွေ့ထောက်ပံ့မှုရဲ့ ဇာစ်မြစ်ကို စစ်ဆေးရမည်ဖြစ်ပါတယ်။ လိုက်နာရန် ပျက်ကွက်ပါက တစ်ဦးချင်းအတွက် ယူရို ၂.၅ သန်း (ဒေါ်လာ ၂.၉၆ သန်း) နှင့် ကုမ္ပဏီများအတွက် ယူရို သန်း ၄၀ ဒဏ်ငွေများ သို့မဟုတ် ကုမ္ပဏီတစ်ခု၏ တစ်နှစ်တာလည်ပတ်မှု စုစုပေါင်းရဲ့ ၃.၅ % သို့မဟုတ် တင်သွင်းကုန်ပမာဏ ရဲ့ ခန့်မှန်းချေတန်ဖိုး ၃၀၀ % အထိ ဒဏ်ရိုက်ခံရမယ်လို့ ဆိုပါတယ်။ 

ရုရှားစွမ်းအင်တင်သွင်းမှုအပေါ် မှီခိုနေရဆဲဖြစ်တဲ့ ဟန်ဂေရီနှင့် စလိုဗက်ကီးယားတို့က ယင်းအဆိုကို ကန့်ကွက်မဲပေးခဲ့ကြောင်း သိရပါတယ်။ ဟန်ဂေရီကတော့  ဥရောပ တရားမျှတမှု တရားရုံးမှာ အမှုဖွင့်ဖို့ စီစဉ်ထားပါတယ်။ တနင်္လာနေ့တွင် စလိုဗက်နိုင်ငံခြားရေးဝန်ကြီး က အီးယူရဲ့ တရားရေးခုံရုံးတွင် စည်းမျဉ်းကို ပယ်ဖျက်ရန်အတွက် တရားစွဲမှုများ စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News 

No comments:

Post a Comment