မြင်းခြံ ၊ ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး သတင်းစကား လက်ကမ်းစောင်များကို ယနေ့နံနက် ၈ နာရီက မြို့လယ်ခေါင် နာရီစင်၊ အမှတ် ၂ ရပ်ကွက်လမ်းဆုံ၊ ပြောင်းပြာတံတားလမ်းဆုံ၊ အဝေးပြေးကားကွင်းလမ်းဆုံ၊ မြင်းခြံ-ညောင်ဦး လမ်းဆုံ၊ ဘူတာလမ်းဆုံနှင့် စည်ပင်သာယာဈေးကြီးတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၃ တွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို လမ်းသွားလမ်းလာဖြတ်သန်းသွားလာကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများထံသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်လင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖြန့်ဝေပေးခဲ့ပြီး လက်ကမ်းစာစောင် ၃၀၀၀ စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)
https://t.me/MyanmarNationalPost
No comments:
Post a Comment