Pages

Pages

ထိုင်း- ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲတွေ တတိယအကြိမ်ဖြစ်လာနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးပြော



ဇန်နဝါရီ - ၁၉ ( တနင်္လာနေ့ ) 

ကမ္ဘောဒီးယားဘက်က တည်ဆဲသဘောတူညီချက်များကို လိုက်နာရန် ပျက်ကွက်ပါက တတိယအကြိမ်မြောက် နယ်စပ်တိုက်ပွဲဖြစ်နိုင်ချေရှိကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နက်သာပေါ်လ် နက်ပန်နစ် ကပြောကြားခဲ့ပြီး ထိုင်းနိုင်ငံသည် ငြိမ်းချမ်းသောဖြေရှင်းမှုအား ဆက်လက်ဦးစားပေးဆောင်ရွက်နေကြောင်း ဆိုပါတယ်။ 

၎င်းက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ အရှေ့ပိုင်း နယ်စပ်ဒေသများသို သွားရောက်စဉ် အဆိုပါစကား ပြောကြားခဲ့တာပါ။ နယ်စပ်ဒေသ လုံခြုံရေးအခြေအနေများကို စစ်ဆေးရန်နဲ့ ဒေသခံပြည်သူများ အား တွေ့ဆုံကာ နယ်စပ်တစ်လျှောက် တပ်စွဲထားသော တပ်ဖွဲဝင်များအား အားပေးစကား ပြောကြားခဲ့ပါတယ်။ 

ခရီးစဉ်အတွင်း သတင်းထောက်များအား ပြောကြားရာတွင် ဗိုလ်ချုပ်ကြီးက သဘောတူညီချက်များကို လေးစားလိုက်နာခြင်းမရှိပါက နောက်ထပ်တိုက်ပွဲဖြစ်နိုင်ခြေ တိုးလာနိုင်ကြောင်း၊ နှစ်ဖက်အကြား တည်ငြိမ်အေးချမ်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ နှောင့်နှေးကြန့်ကြာခြင်း သို့မဟုတ် နောက်ထပ်ပဋိပက္ခများကို တားဆီးရန် အထောက်အကူဖြစ်ဖိုလိုကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ရန် တာဝန်ကိုလည်း အလေးပေးဆောင်ရွက်နေချိန်တွင် ထိုင်းနိုင်ငံ၏ ရပ်တည်ချက်သည် တွေ့ဆုံဆွေးနွေးရေးအပေါ် အာရုံစိုက်နေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ 

ဗိုလ်ချုပ်ကြီး နက်သာပေါလ်သည် တီရက် ပြည်နယ်ရှိ ဘန်ဆမ်လန်းခရိုင်၊ ဘန်နွန်ရီခရိုင် နဲ့ မောင်းခရိုင်တို့တွင်  စစ်သားများ၊ ဒေသခံ အရာရှိများနှင့် ဒေသခံများကို တွေ့ဆုံပြီး နိုင်ငံတော်သီချင်း သီဆိုခြင်း အပါအဝင် အခြားလှုပ်ရှားမှုများလုပ်ခဲ့ပါတယ်။ ဝန်ကြီးက တပ်ဖွဲဝင်များ ချထားရေးကိုလည်း စစ်ဆေးပြီး ဒေသခံရွာသားများနှင့် ဆွေးနွေးခဲ့ပါတယ်။ 


REF: Thaiger

#MNP #News

No comments:

Post a Comment