အမေရိကန်က အီရန်ကို တိုက်ဖို့ရာ ဟန်တပြင်ပြင်ဖြစ်နေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်က အီရန်ကို တိုက်ဖို့ရာ ဟန်တပြင်ပြင်ဖြစ်နေပြီ


ဇန်နဝါရီ - ၂၇ ( အင်္ဂါနေ့) 

အမေရိကန်စစ်ဌာနချုပ်အနေနဲ့ အီရန်အနီးမှာ လေယာဉ်တင် စစ်သင်္ဘောများနှင့် အခြားစစ်ဘက်ဆိုင်ရာ ပစ္စည်းများအပြင် “လက်နက်ကြီးများ” ကို တပ်ဖြန့်ချထားကြောင်းဆိုထားပေမဲ့  သမ္မတဒေါ်နယ်ထရမ့် ကတော့ သံတမန်ရေးအရလမ်းကြောင်းကို ရွေးချယ်စရာအဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

ယခုလအစောပိုင်းတုန်းကတော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို နှိမ်နင်းတဲ့ အီရန်အစိုးရကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတာကို တုံ့ပြန်ရန်အတွက် အီရန်နိုင်ငံမှာရှိတဲ့ အစိုးရအဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုပြုလုပ်ရန် နီးကပ်နေပြီလို့ ထရမ့်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ အရှေ့အလယ်ပိုင်းက အမေရိကန် မဟာမိတ်နိုင်ငံတွေရဲ့ အကြံပြုမှုကြောင့် ထရမ့်က အီရန်အာဏာပိုင်တွေကို တိုက်ခိုက်ရန်ကြံစည်မှုကို ရွှေ့ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အီရန်နိုင်ငံ အနီးကို စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်အင်အား ရွှေ့ပြောင်းမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေပါတယ်။

တနင်္လာနေ့တွင် Axios သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ထရမ့်က အီရန်နှင့်အခြေအနေသည် “ရှုပ်ထွေးနေဆဲ ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံနားမှာ ကျနော်တို့ လက်နက်ကြီးတွေပါတဲ့ စစ်အင်အား တည်ဆောက်မှုတွေ လုပ်နေပါတယ်။ အဲ့ဒါက ဗင်နီဇွဲလားမှာ လုပ်တုန်းကထက် အများကြီး ပိုကြီးပါတယ်” ဆိုပြီး ဗင်နီဇွဲလား သမ္မတမာဒူရိုကို ပြန်ပေးဆွဲစဉ်တုန်းက ကာရေဘီယံပင်လယ်ထဲမှာ ရေတပ်အင်အားကို ချဲ့ထွင် တည်ဆောက်ခဲ့တာနဲ့ ပတ်သက်ပြီး နှိင်းယှဉ် ပြောခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် ထရမ့်က အီရန်အစိုးရနဲ့  သဘောတူညီချက်တစ်ခုအား စစ်မှန်စွာ စေ့စပ်ညှိနှိင်းလိုကြောင်း အကြံပြုခဲ့ပါတယ်။ "သူတို့ကို အကြိမ်များစွာ တောင်းဆိုထားပါတယ်။ စကားပြောချင်ပါတယ်လို့” ဆိုပြီး ပြောပါတယ်။ 

အမေရိကန်လေယာဉ်တင်သင်္ဘော အီဘရာဟင်လင်ကွန်း နဲ့ တိုက်ခိုက်ရေးရေယာဉ်စု နဲ့ စစ်ဦးစီးဌာန (CENTCOM) တို့က ယခုအခါ အရှေ့အလယ်ပိုင်းတွင် လည်ပတ်နေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ နောက်ထပ် F-15 နှင့် F-35 တိုက်လေယာဉ်များ၊ ဆီဖြည့်လေယာဉ်များ နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုလည်း ဖြန့်ကျက်ချထားထားပါတယ်။ CENTCOM တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ကူပါးက အစ္စရေးနိုင်ငံသို့ စနေနေ့က သွားရောက်ခဲ့ပြီး ပူးတွဲစစ်ရေးအစီအစဉ်များကို ဆွေးနွေးခဲ့ပါတယ်။ 

တုံ့ပြန်သည့်အနေဖြင့် အီရန်၏အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) မှ ဗိုလ်ချုပ်ကြီး မိုဟာမက် ပက်ပေါ က အီရန်နိုင်ငံကို ကာကွယ်ရန် “ယခင်ကထက် ပိုမိုအဆင်သင့်ဖြစ်နေပြီ”ဖြစ်ကြောင်း နဲ့ အမေရိကန် သို့မဟုတ် အစ္စရေးရဲ့ ရန်စမှုများအတွက် “နာကျင်စရာ” အကျိုးဆက်များဖြင့် လက်တုံပြန်မည်ဖြစ်ကြောင်း ဆိုထားပါတယ်။  


REF: RT

#MNP #News 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)