Pages

Pages

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ



မြစ်သား  ၊ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မြစ်သားမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဝေယံဘုံမြင့်ဓမ္မာရုံတွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၇ နာရီက ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲပေးစက်ထိန်းချုပ်ကိုင်တွယ်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများမှ ပေးကြစေလိုကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအားလုံး ရာနှုန်းပြည့် မဲပေးနိုင်ရေး ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း အသိပေးကြေညာပေးစေလိုကြောင်း၊ မဲပေးမှုမြန်ဆန် မှန်ကန်စေရေး မဲစာရင်းနံပါတ်ပါသည့် Slip များသည် အရေးပါသည့်အတွက် အားလုံးဖြန့်ဝေပေးစေလိုကြောင်း၊ မြစ်သားမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများမှ ရာနှုန်းပြည့်မဲပေးပြီး  မဲပေးမှုရာနှုန်းမြင့်တက်စေရေးအတွက် တက်ရောက်လာသူများမှ ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။  

ဝါဝါမြင့် (မြစ်သား)

https://t.me/MyanmarNationalPost

No comments:

Post a Comment