လိပ်သိုဒေသတွင် ရာသီစာဆေးဖက်ဝင် မလွှပွင့်များ ပေါ်ဉီးစအချိန် လိုက်လံကောက်ယူသူ များပြားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

လိပ်သိုဒေသတွင် ရာသီစာဆေးဖက်ဝင် မလွှပွင့်များ ပေါ်ဉီးစအချိန် လိုက်လံကောက်ယူသူ များပြားလျက်ရှိ



လိပ်သို  ၊ ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောတောင်များနှင့် ဥယျာဉ်ခြံများတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိနေသော မလွှပင်ကြီးများမှာ ယခုအချိန်တွင် စတင်ပွင့်နေပြီဖြစ်ရာ ရာသီစာဆေးဖက်ဝင်မလွှပွင့်များကို လိုက်လံကောက်ယူစုဆောင်းသူ များပြားလျက်ရှိနေကြောင်း သိရသည်။

မလွှပွင့်သည် ဆေးဘက်ဝင်သော ဒေသထွက်ကျေးလက်အစားအစာဖြစ်ကာ မလွှပွင့်ကိုပြုတ်၍ အတို့အမြှုပ်အဖြစ်လည်းကောင်း၊ မလွှပွင့်၏အလယ်မှ ဝတ်ဆံကိုဖြုတ်၍ အခါးအရသာလျော့စေရန် ရေနွေးဖျောပြီး သုပ်စား၍လည်းကောင်း၊ အသားငါး၊ ငါးပိနှင့်ရောချက်၍လည်းကောင်း၊ မလွှပွင့်ခြောက်များကို ရေနွေးတွင်ခတ်၍ ရေနွေးကြမ်းအဖြစ်လည်းကောင်း ပြုလုပ်စားသုံးကြသည်။

လိပ်သိုဒေသတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိနေသော မလွှပင်များကို ခုတ်ယူသုံးစွဲမှုများကြောင့် မလွှပင်များ ရှားပါးလာလျက်ရှိနေသဖြင့် ဒေသခံအချို့မှာ မိမိတို့ အိမ်ခြံဝင်းနှင့် ဥယျာဉ်ခြံအတွင်းရှိ မလွှပင်များကို ပြုစုထိန်းသိမ်းလာကြကြောင်း၊ ဒေသခံအချို့မှာ ဆေးဖက်ဝင်မလွှပွင့်များအား တာရှည်အထားခံ စားသုံးနိုင်စေရန်အတွက် ကောက်ယူစုဆောင်း နေလှန်းအခြောက်ခံပြီး သိုလှောင်ထားကြကြောင်း သိရသည်။


နော်ဖလောရင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)