ညောင်ရွှေမြို့၌ တောင်ပေါ်လမ်းကြမ်း အပြေးအားကစားပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ရွှေမြို့၌ တောင်ပေါ်လမ်းကြမ်း အပြေးအားကစားပြိုင်ပွဲ ကျင်းပ




ညောင်ရွှေ  ၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ် ညောင်ရွှေမြို့၌ တောင်ပေါ်လမ်းကြမ်း အပြေးအားကစားပြိုင်ပွဲ (Inle 100 Trail Run 2026)ကို ယနေ့နံနက် ၄ နာရီခွဲက မြို့နယ်အားကစားကွင်း၌ စတင်တာလွှတ်ကျင်းပခဲ့ကြောင်း သိရသည်။

တောင်ပေါ်လမ်းကြမ်း အပြေးအားကစားပြိုင်ပွဲတွင် ၆၀ ကီလိုမီတာ၊ ၃၃ ကီလိုမီတာနှင့် ၁၅ ကီလိုမီတာလမ်းကြောင်းသုံးခုဖြင့် အင်းလေးကန်အရှေ့ဖက်ကမ်းရှိ တောင်ပေါ်ဒေသကျေးရွာများသို့ ဆက်သွယ်သည့်လမ်းများတွင် ကျင်းပခဲ့သည်။ အဆိုပါ ပြိုင်ပွဲသို့ ပြည်တွင်း၊ ပြည်ပမှ အပြေးအားကစားသမား ၅၅၀ ဦးကျော် ပါဝင်ဆင်နွှဲခဲ့ကြပြီး အင်းလေးဒေသခရီးသွားမြှင့်တင်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)