မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ
ကျွန်တော်တို့အနေနဲ့ ဒီလိုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အစိုးရ ရဲ့ မူဝါဒများကို ပြောကြားပါမယ်။ နံပါတ်တစ်အနေ နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တားဆီးနှိမ်နင်း ရေးလုပ်ငန်းတွေကို အမြစ်ပြတ်အောင် တိုက်ဖျက် ရှင်းလင်းတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ Must Win မဖြစ်မနေ အောင်နိုင်ရမည်ဆိုတဲ့ သန္ဓိဋ္ဌာန်စိတ်ထားပြီး ဆောင်ရွက်နေပါတယ်။ နံပါတ်နှစ် အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် အသေးအဖွဲကအစ Zero Tolerance လုံးဝသည်းခံမှာ မဟုတ်ပါဘူး။ နံပါတ်သုံးအနေနဲ့ မူးယစ်ဆေးဝါးကို တိုက်ဖျက်တဲ့နေရာမှာ Total War on Drug မူးယစ်ဆေးဝါးကို အလုံးစုံစစ်ပွဲပုံစံနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နံပါတ်လေးအချက်အနေနဲ့ကတော့ အကြမ်းဖက်အဖွဲ့အစည်းများနဲ့ မူးယစ်ဆေးဝါး မှောင်ခိုသမားတွေအကြားမှာ ဆက်နွှယ်ပတ်သက် နေတာဖြစ်တဲ့အတွက် Narco - terrorism မူးယစ်ဆေးဝါးအကြမ်းဖက်မှုအဖြစ် နိုင်ငံတော်အစိုးရက သတ်မှတ်ချေမှုန်းသွားမှာဖြစ်ပါတယ်။ နံပါတ်ငါး အနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုရဲ့ ကောင်းရာကောင်းကျိုး အကျိုးစီးပွားကို လိုလားတဲ့နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ Engage and Cooperate ပိုမိုတက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။
(ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ၂၄-၁-၂၀၂၆ ရက်နေ့ အနီးစခန်းတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ ရှင်းလင်းပြောကြားချက်မှ ကောက်နှုတ်ဖော်ပြသည်။)
#MNP #News

No comments:
Post a Comment