Pages

Pages

မြောက်ဥက္ကလာပမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာ မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များက ထုတ်ယူ၍တာဝန်ကျရာမဲရုံအသီးသီးသို့ ထွက်ခွာ






မြောက်ဥက္ကလာ၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များမှ ရွေးကောက်ပွဲဆိုင်ရာမဲပေးစက်များ၊ မဲရုံသုံးဆက်စပ်ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်ပိုင်းက ထုတ်ယူပြီး တာဝန်ကျရာမဲရုံအသီးသီးသို့ ထွက်ခွာသွားကြသည်။

ထိုသို့ မထွက်ခွာမီ   မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှု ကော်မတီမှ ကြီးကြပ်၍ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက ရွေး ကောက်ပွဲတွင် အသုံးပြုမည့်မဲပေးစက်များ၊ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့်မဲပေးချက်ဖော်ပြစက်များနှင့် မဲရုံသုံးပစ္စည်းများကို ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာမဲရုံများအတွက် စနစ်တကျထုတ်ပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် မြောက်ဥက္ကလာပမြို့နယ်၌ မဲရုံပေါင်း(၁၄၀ )ရုံရှိပြီး  မဲပေးပိုင်ခွင့်ရှိသူ(၂၀၃၆၁၉) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။


သက်လွင်စိုး

#MNP #News

No comments:

Post a Comment