ဘားအံ ၊ ဇန်နဝါရီ ၁၈
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆောင်းရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ဓာတုဗေဒဘောလုံးအသင်းနှင့် သင်္ချာဘောလုံးအသင်းတို့ အကြိတ်အနယ် ကြိုးစားယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများ၊ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါဗိုလ်လုပွဲစဉ်တွင် သင်္ချာအသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။
ဘားအံတက္ကသိုလ်၏ ဆောင်ရာသီအားကစားပြိုင်ပွဲအနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် စုစုပေါင်းအားကစားနည်း (၄) မျိုးတွင် ကျောင်းသား၊ ကျောင်းသူ ၃၉၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အပြီးတွင် ဘားအံတက္ကသိုလ်၏ ဆောင်းရာသီ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်း အနားကို ဆက်လက်ကျင်းပရာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးမီတာ (၁၀၀ x ၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသား၊အမျိုးသမီးမီတာ (၄၀၀ x ၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊ ဘာသာရပ်ပေါင်းစုံအမျိုးသား ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုရရှိကြသူများ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ တတိယဆုရရှိသော ညွှန့်ပေါင်းဘောလုံးအသင်းနှင့် ဒုတိယဆုရရှိသော ဓာတုဗေဒဘောလုံးအသင်းတို့အား တစ်ဦးချင်းငွေသားဆုနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော သင်္ချာဘာသာရပ် အမျိုးသားဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment