ပုဂံဒေသရှိ သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဂံဒေသရှိ သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ



ပုဂံ ၊ ဒီဇင်ဘာ ၁၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းစေတီပုထိုး၊ သာသနိကအဆောက်အအုံများကို  ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သောအဖွဲ့သည် သဗ္ဗညုဘုရားကြီးအား တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သုတေသနအဖွဲ့သည် တူးဖော်သုတေသနပြုလုပ်ငန်းများဆောင်ရွက်ရာတွင် သဗ္ဗညုဘုရား၏အနောက်မြောက်ဘက်တွင် စုစုပေါင်း စမ်းသပ်ကျင်းကွက်(၅)ကွက်နှင့် သဗ္ဗညုဘုရား၏ အရှေ့မြောက်ထောင့်တွင်    စုစုပေါင်းစမ်းသပ်ကျင်းကွက်(၇)ကွက်ကို တူးဖော်သုတေသနပြုခြင်း၊ သဗ္ဗညုဘုရား၏ စတုတ္ထထပ် လိုဏ်ပတ်လမ်းအတွင်းရှိ အမိုးပေါင်းကူးပြုပြင်ထိန်းသိမ်းခြင်း၊ အနားသတ်ကြားသိပ်ခြင်းနှင့် ထုံးသားလွှာအောက်တွင် နံရံဆေးရေးပန်းချီ ရှိ/မရှိကို ထုံးချိုးများခွာ၍ စမ်းသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။ သဗ္ဗညုဘုရားကြီး ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေသောကာလတွင် ဘုရားကြီး၏ ကြံ့ခိုင်မှုကိုသိရှိရန် တိမ်းစောင်းမှုကို စောင့်ကြည့်လေ့လာသောစက်များ၊  တုန်ခါမှုလှိုင်းများကို စောင့်ကြည့်လေ့လာသောစက်များနှင့် ခေတ်မီစက်ကိရိယာများ တပ်ဆင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

၂၀၁၆ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သဗ္ဗညုဘုရားကြီးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်နှစ်နိုင်ငံချစ်ကြည်ရေး နားလည်မှု စာချွန်လွှာ(MoU) ကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ရေးထိုးခဲ့သည်။ ယင်းနောက် ၂၀၁၉ ခုနှစ်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shaanxi Institute for the Preservation of Culture Heritage မှ တရုတ်ပညာရှင်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏တာဝန်ပေးအပ်မှုဖြင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစုအင်ဂျင်နီယာများနှင့်ပူးပေါင်း၍ ထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)