Pages

Pages

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေး ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး




နေပြည်တော်  ၊ ဇန်နဝါရီ ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်ကြီးသို့ သွားရောက်ပြီး မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အစိတ်အပိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်များ ထိခိုက်ပျက်စီးမှုနှင့် ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ Cement grouting ဆောင်ရွက်နေမှုများ၊ Soil stabilization ဆောင်ရွက်နေမှုများ၊ Backhoe breaker ဖြင့် မူလရင်ပြင်တော် ကြမ်းခင်းအား တူးထုတ်ပြင်ဆင်နေမှု အခြေအနေများ၊ Bored pile (600mm 60'အနက်) တူးစက်များဖြင့် မြေကျွင်းတူးခြင်းလုပ်ငန်း‌ ဆောင်ရွက်နေမှုအခြေအနေများ၊ စေတီတော်လိုဏ်အတွင်း ကွန်ကရစ်ကြမ်းခင်းအောက်ခြေရှိမြေသားများနိမ့်ကျမှု ဖြစ်ပေါ်ခဲ့ပြီး စေတီတော်ပန်းတည်ခုံပတ်လည်ရှိ အုတ်ရိုးများ ကွဲအက်မှုများမှ Void Filling လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုရှိအောင် ဆောင်ရွက်ရေး၊ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်နိုင်ရေး၊ စေတီတော်လိုဏ်အတွင်း စကျင်ကျောက်ပန်းချီများ ပြုပြင်ခြင်း၊ ကျောက်စိမ်းပြားများ ပြုပြင်ခြင်းလုပ်ငန်းနှင့်ကျန်ရှိသည့်အပိုင်းကို စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး တို့ကိုမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဥပ္ပါတသန္တိစေတီတော်၏ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မြေသားခိုင်ခံ့အောင် ပြုပြင်ခြင်းလုပ်ငန်း (Soil Slabilization) ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ၄၉ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် စေတီတော်အခြေတွင် ဖြစ်ပေါ်လာခဲ့သည့် မြေလပ်ပေါက်များအား ဘိလပ်မြေနှင့် သဲ အရောဖြင့် ပြန်လည်ဖြည့်တင်းခြင်း (Void Filling) လုပ်ငန်းသည် ၉၀ ရာခိုင်နှုန်း၊ စုစုပေါင်း Cement Grouting လုပ်ငန်း၏ ပြီးစီးမှုရာခိုင်နှုန်းမှာ ၉၇ ရာခိုင်နှုန်း၊ ကျောက်ကြီးစီမြေထိန်းနံရံများ၊ Grid Beam များ၊ ရေမြောင်းများနှင့် ကြမ်းခင်းများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများသည် ၄၀ ရာခိုင်နှုန်း၊ လိုဏ်ဂူအတွင်းရှိ နံရံနှင့် ကြမ်းခင်းများတွင် ဖြစ်ပေါ်ခဲ့သည့် အက်ကွဲကြောင်းများအား ပြုပြင်ခြင်းလုပ်ငန်းသည် ၈၉ ရာခိုင်နှုန်းနှင့် စေတီတော်လိုဏ်အတွင်း စကျင်ကျောက်ပန်းချီများ ပြုပြင်ခြင်းနှင့် ကျောက်စိမ်းပြားများ ပြုပြင်ခြင်းလုပ်ငန်းသည် ၈၁ ရာခိုင်နှုန်း အသီးသီး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥပ္ပါတသန္တိစေတီတော်၏ သာသနိကအဆောက်အဦများဖြစ်သည့် သာသနာ့မဟာဗိမာန်တော်၏ Portico Ceiling Board ပြား အနည်းငယ်ပျက်စီး ခြင်း၊ Wall Crack ရှိ၊ Portico Column များ Crack များ ဖြစ်ပေါ်ခဲ့မှု အခြေအနေများ၊ သံဃာရာမအဆောင်များရှိ မျက်နှာကြက် ပျက်စီးခြင်းများ၊ Wall Crack များ ဖြစ်ပေါ်ပျက်စီးခဲ့မူအခြေအနေများ၊ မာလိနီမင်္ဂလာရေကန်တော်အတွင်းကန်၏ ကန်နံရံဘောင်တစ်လျောက်တွင်လည်းကောင်း၊ အပြင်ကန်၏ မြောက်ဘက်ရှိ ကန်နံရံဘောင်တစ်လျှောက်တွင်လည်းကောင်း အက်ကွဲကြောင်းများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများ၊ ဂေါကပအဖွဲ့ရုံးအတွင်း ထိခိုကိပျက်စီးခဲ့မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်မွန်းမံရေးလုပ်ငန်းများ အမြန်ဆုံးပြီးစီးစေရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိအောင်အလေးထားဆောင်ရွက်ရန်၊ သာသနိကအဆောက်အဦ အတွင်း/အပြင် ဥပဓိရုပ်‌ကောင်းမွန်စေရန်နှင့် သန့်ရှင်းသာယာလှပ‌စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)

https://t.me/MyanmarNationalPost

No comments:

Post a Comment