Pages

Pages

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် မြောက်ဥက္ကလာပမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ လွတ်လပ်အေးချမ်းစွာ မဲပေးနေမှုအား ကြည့်ရှုအားပေး





မြောက်ဥက္ကလာပ၊ ဇန်နဝါရီ  ၂၅

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်နှင့်အဖွဲ့သည် မရမ်းကုန်းခရိုင်  စီမံခန့်ခွဲရေးနှင့် အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊  မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါ၍  ယနေ့မနက်ပိုင်းက  မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိမဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည်  မြောက်ဥက္ကလာပမြို့နယ်ရှိ  မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများတက်ကြွစွာမဲပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှု၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌  မြို့နယ်အတွင်းရပ်ကွက် (၁၉)ခု ၊ မဲရုံ (၁၄၀)ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်စုစုပေါင်း (၂၀၃၆၁၉) ဦး ရှိရာ   ပြည်သူများ ဆန္ဒမဲ လာရောက် ပေးလျက်ရှိသည်။ 


သက်လွင်စိုး

#MNP #News

No comments:

Post a Comment