မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၌ ယာယီနေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၌ ယာယီနေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်





မဟာအောင်မြေ၊ ဇန်နဝါရီ ၁၅

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက် အဝေရာရာမ ရန်ကင်းကျောင်းအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

‎အဆိုပါ ထောက်ပံ့ပေးအပ်မှုများကို မဟာအောင်မြေမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ဆွေလွင်အောင်၊သံလျှက်မှော်အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်‌စာရေးနှင့် ရာအိမ်မှူးများမှ ဦးဆောင်၍ပစ္စည်း ၅ မျိုး ထောက်ပံ့ပေးအပ်မည့် ကြီးကြပ်မှုကော်မတီအဖွဲ့မှ သံလျှက်မှော်အရှေ့ရပ်ကွက် အဝေရာရာမရန်ကင်းကျောင်းအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ (၈၉၀)ဦးခန့်အား တစ်ဦးလျှင် ခြင်ထောင်၊ ခေါင်းအုံး၊ မွေ့ယာ၊ အိပ်ယာခင်း၊ စောင်ပါး စုစုပေါင်း ၅ မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။‎


‎အောင်ဇော်မင်း

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)