ယူဂန်ဒါမှာ ရွေးကောက်ပွဲ ( ဒုတိယအဆင့်)ကို ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူဂန်ဒါမှာ ရွေးကောက်ပွဲ ( ဒုတိယအဆင့်)ကို ကျင်းပ



ဇန်နဝါရီ - ၁၆ ( သောကြာနေ့ ) 

လုံခြုံရေးနှင့် နိုင်ငံရေးတင်းမာမှုများကြားတွင် အရှေ့အာဖရိကနိုင်ငံဖြစ်တဲ့ ယူဂန်ဒါမှာ ယူဂန်ဒါမှ သမ္မတသစ်နှင့် လွှတ်တော်အမတ်အသစ်များ ရွေးချယ်ရန် အထွေထွေရွေးကောက်ပွဲ (ဒုတိယအဆင့်) ကို မနေ့က ကျင်းပခဲ့ပြီး နှောင့်နှေးမှုကြားမှာပဲ ပြည်သူတွေက မဲရုံများသို့ သွားရောက်ခဲ့ပါတယ်။

အာဏာပိုင်များသည် နိုင်ငံတဝှမ်းတွင် ထောင်နှင့်ချီသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ထားပါတယ်။  ရဲချုပ် နိုင်ငံရေး ကော်မရှင်နာ က တနင်္လာနေ့တွင် မြို့တော် ကမ်ပါလာတွင် လုံခြုံရေး တပ်ဖွဲဝင်များ ဖြန့်ကျက်မှုနဲ့  ပတ်သက်ပြီး ယူဂန်ဒါနိုင်ငံသားအားလုံး၏ ဘေးကင်းရေးအတွက် ကြိုတင်ကာကွယ်မှုတွေကို လုပ်ခဲ့တာပါလို့  သတင်းထောက်များအားပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ရာဇဝတ်မှုများကို မလုပ်ဖို့အတွက်လည်း သတိပေး ခဲ့ပါတယ်။  

လူမှုကွန်ရက်များတွင် မျှဝေထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများသည် နံနက်အစောပိုင်းကတည်းက မဲရုံများတွင် တန်းစီစောင့်ဆိုင်းနေသော လူအုပ်ကြီးကို မြင်တွေ့ရပါတယ်။ မဲဆန္ဒရှင် စိစစ်ရေး ကိရိယာများ၏ နည်းပညာဆိုင်ရာ ပြဿနာများကြောင့် အချို့နေရာများတွင် မဲပေးရန် နှောင့်နှေးခဲ့ရတယ်လို့ ယူဂန်ဒါ ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့ပါတယ်။ 

"ကော်မရှင်သည် နိုင်ငံတစ်ဝှမ်း ချောမွေ့ပြီး ယုံကြည်စိတ်ချရသော မဲပေးခြင်းလုပ်ငန်းစဉ်ကို သေချာစေရန် အတွက် လိုအပ်သော အစီအမံများအားလုံးကို ဆောင်ရွက်နေပေမဲ့ မတော်တဆဖြစ်ခဲ့တဲ့ နည်းပညာ အမှားတွေ အတွက် စိတ်မကောင်းရကြောင်း ကော်မရှင်က ပြည်သူတွေကို တောင်းပန်ခဲ့ပါတယ်။ 

ဇန်နဝါရီ ၁၅ ရက် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၂၁ ဒသမ ၆ သန်းခန့် မှတ်ပုံတင်ထားကြောင်း တရားဝင် ကိန်းဂဏန်းများအရ သိရပါတယ်။ လက်ရှိသမ္မတ ယိုဝီရီ မိဆီဗီနီ က သတ္တမမြောက် သမ္မတသက်တမ်းအတွက် ကြိုးပမ်းနေခဲ့သလို အသက် ၄၃ နှစ်အရွယ် ပေါ့ပ်စတား အဆိုတော် နိုင်ငံရေးသမား ရောဘတ် ကျူလန်နီ အပါအဝင် စိန်ခေါ်သူ ခုနစ်ဦးကို ရင်ဆိုင်နေရပါတယ်။ 

မူဆီဗီနီ ယူဂန်ဒါသမ္မတအဖြစ် ၁၉၈၆  ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့တာပါ။  ကမ္ဘာ့တတိယမြောက် တော်ဝင်မျိုးဆက် မဟုတ်တဲ့ နိုင်ငံ့ခေါင်းဆောင်အဖြစ် ၇ကြိမ် ဆက်တိုက် ထမ်းဆောင်ခဲ့တဲ့သူပါ။ အသက် ၈၁ နှစ်ရှိပြီဖြစ်သော ခေါင်းဆောင်က နိုင်ငံအရေးကိစ္စများတွင် အနောက်နိုင်ငံများ၏ ဝင်ရောက်စွက်ဖက်မှုကို အပြင်းအထန် ဆန့်ကျင်သူအဖြစ် ရပ်တည်ခဲ့ပါတယ်။ သူသည် အတိုက်အခံများကို နှိမ်နှင်းရန်၊ သမ္မတ၏ အသက်နှင့် သက်တမ်းကန့်သတ်ချက်များကို ဖယ်ရှားရန် ဖွဲစည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းနှင့် ကမ္ဘာ့အပြင်းထန်ဆုံး LGBTQ ဆန့်ကျင်ရေးဥပဒေအချို့ကို ပြဋ္ဌာန်းခြင်းတို့ကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။          


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)