တောင်ကြီး ၊ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ် စားသုံးသူရေးရာကော်မတီ၏ (၁/၂၀၂၆)အစည်းအဝေးနှင့် ရှမ်းပြည်နယ် ဆန်စပါးလုပ်ငန်းကြည့်ကြပ်ရေးအဖွဲ့၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မနက်ပိုင်းက ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။ဦးစွာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်အတွင်းရှိ စားသုံးသူများ၏ အခွင့်အရေးကို ကာကွယ်ရန် ယခုကဲ့သို့ အစည်းအဝေးများကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ စားသုံးသူများ နစ်နာမှုမရှိစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ထို့နောက် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးရွှေဖြူက ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၆) သို့ တင်ပြသည့် အမှာစာများအား ဖတ်ကြားရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ဆန်စပါးလုပ်ငန်းကြည့်ကြပ်ရေးအဖွဲ့၏ (၁/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက နိုင်ငံတော်အစိုးရမှ ပြည်ပကုန်သွယ်ရေးလုပ်ငန်းများအတွက် ပြည်ပပို့ကုန်လိုင်စင်ဖြင့် သယ်ဆောင်ခွင့်ပြုထားသော ဆန်စပါးနှင့် ဆန်ထွက်ပစ္စည်းများ သယ်ဆောင်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာ စံလုပ်ထုံးလုပ်နည်း SOP အတည်ပြုနိုင်ရေးအတွက် ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မင်းသန့်
https://t.me/MyanmarNationalPost
No comments:
Post a Comment