မိုင်းရှူး ၊ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို မကြာမီကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လွတ်လပ်လပ် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲလာရောက်ပေးနိုင်စေရေးအတွက် ယနေ့နံနက် (၉)နာရီအချိန်က ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်ရှမ်းပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်သည် မိုင်းရှူးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက် မဲရုံများတည်ရှိသည့် အမှတ်(၁)ရပ်ကွက်ဘုံခန်းမ၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းတို့၌ မဲရုံခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ထမ်းဆောင်မည့် မဲရုံမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့်တွေ့ဆုံကာ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၁)နှင့်(၂)တို့၏ အားသာချက်၊ အားနည်းချက်များ၊ မဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်များ စနစ်တကျကိုင်တွယ်တပ်ဆင်ရေးနှင့် မဲရုံပြင်ဆင်ထားရှိမှုများ၏ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းလူ
https://t.me/MyanmarNationalPost
No comments:
Post a Comment