ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာလာ‌ရောက်ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာလာ‌ရောက်ဆန္ဒမဲပေး






ဒဂုံဆိပ်ကမ်း၊ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယ‌နေ့ နံနက် ၆ နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ သတ်မှတ်မဲရုံအသီးသီးတွင် ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။

ဦးစွာ မဲရုံမဖွင့်လှစ်မီ မဲရုံအသီးသီးတွင် မဲပုံများအား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအား ပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီး၊ နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေငြာခဲ့သည်။ ထို့နောက် မဲရုံအသီးသီးတွင် ဒေသခံပြည်သူများ အေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိပြီး၊ မဲပေးနိုင်ရေးအတွက် အတွင်းအပြင်လုံခြုံရေးဆောင်ရွက်‌ပေးခြင်းနှင့် မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၆ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ရပ်ကွက် (၂၈) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄) ရွာတွင် မဲရုံ (၈၇) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း (၁၁၆၇၄၆) ဦးရှိရာ ပြည်သူများ ဆန္ဒမဲလာရောက်ပေးလျက်ရှိသည်။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် နိုင်ငံရေးပါတီ (၇) ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇) ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော် (၄) ဦး၊ ရခိုင်တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် (၆) ဦးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။


ဖြိုးစန္ဒာ

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)