ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်မြို့၌ ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဆတ်မြို့၌ ဆဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသားများ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပပြုလုပ်


နေပြည်တော်၊ ဇန်နဝါရီလ ၂၄ 

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသားများ စုပေါင်း နှစ်သစ်ကူးပွဲတော်အား ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိလားဟူစုပေါင်းရိုးရာယဉ်ကျေးမှုကွင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့်တာဝန်ရှိသူများ၊ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး၊ လားဟူတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ပဉ္စမအကြိမ်မြောက် လားဟူ တိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် လားဟူတိုင်းရင်းသားတို့၏ ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ် ထင်းရှူးပင် ပတ်လည်၌ ဗူးပလွေ၊မြေဝိုင်းအကများဖြင့် လှည့်လည်ကပြဖျော်ဖြေမှုတွင် ပါဝင်ဆင်နွှဲ ကြသည်။ ယင်းနောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက လားဟူတိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးကြပြီး ရိုးရာ လက်ဆေးမင်္ဂလာ ပြုလုပ်ကြသည်။

၎င်းနောက် တိုင်းမှူး အမှာစကား ပြောကြားပြီး ရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ သည်။ ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးမှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပွဲတော်ဖြစ်မြောက်ရေး ဂုဏ်ပြုချီးမြှင့်ငွေများအားပေးအပ်ပါသည်။ ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ လားဟူတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌမှ လားဟူတိုင်းရင်းသားများ၏ နှစ်သစ်ကူးသမိုင်းကြောင်းအား ရှင်းလင်း ပြောကြားပြီး “နှစ်သစ်ကူးအကအလှ”သီချင်းအား ရိုးရာယဉ်ကျေးမှုအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်မှု အား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် မိုင်းဆတ်မြို့နယ်အတွင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ လားဟူတိုင်းရင်းသား ကျောင်းသား/ကျောင်းသူများ အား ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။

ထို့နောက် တိုင်းရင်းသားလူငယ်နှစ်ဦးမှ ဒေသတွင်း လိုအပ်ချက်များအား တင်ပြခဲ့ပြီး ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)