ငရုတ်ကောင်းမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကျင်းပနိုင်ရေးအတွက် အီလက်ထရွန်နစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငရုတ်ကောင်းမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကျင်းပနိုင်ရေးအတွက် အီလက်ထရွန်နစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိ




ငရုတ်ကောင်း  ၊ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရွန်နစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား ငရုတ်‌ကောင်းမြို့အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က‌ ရောက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါအီလက်ထရွန်နစ်မဲပေးစက် နှင့်ဆက်စပ်ပစွည်းတို့အား ငရုတ်ကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း၌ ထည့်သွင်းသိမ်းဆည်းနေရာချထားခြင်း၊ ဆက်စပ်ပစ္စည်းများအား စနစ်တကျ ရေတွက်ခြင်းလုပ်ငန်းများကို မြို့အုပ်ချုပ်‌ရေးမှူး ဦးမြတ်ဟိန်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ၏ လုံခြုံရေးအား မြို့ရဲတပ်ဖွဲစခန်းမှတာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ နေ့ညလုံခြုံရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)