ဇန်နဝါရီ - ၂၃ ( သောကြာနေ့ )
ဥရောပစီးပွားရေး ပြိုမကျသွားအောင် ခံနိုင်ရည်ရှိရေးအတွက် အိန္ဒိယသည် မရှိမဖြစ်လိုအပ်လာပြီလို့ ဥရောပသမဂ္ဂ ( အီးယူ) ရဲ့ ထိပ်တန်းသံတမန် ကာဂျာကော်လတ်စ် က ပြောသွားပါတယ်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန် နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော်စတာတို ဇန်နဝါရီ ၂၇ ရက်မှာ အိန္ဒိယနိုင်ငံသို့ သွားရောက်ခြင်းမပြုမီ ကော်လတ်စ် က အခုလိုပဲ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
အီးယူထိပ်တန်းပုဂ္ဂိုလ်တွေရဲ့ အိန္ဒိယခရီးစဉ်အတွင်း ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုဖို့အတွက် ရည်ရွယ်ထားကြောင်း ကော်လတ်စ် က ဥရောပပါလီမန်သို ဗုဒ္ဓဟူးနေ့ပြောကြားတဲ့ မိန့်ခွန်းတွင် ပါရှိပါတယ်။ "အီးယူသည် အိန္ဒိယ၏ အကြီးဆုံးကုန်သွယ်ဖက်များထဲမှတစ်ခုဖြစ်ပြီး အိန္ဒိယသည် ဥရောပရဲ့ စီးပွားရေး ခံနိုင်ရည်အားမှာ မရှိမဖြစ် လိုအပ်ပါတယ်” လို့ ဆိုသွားပါတယ်။
လာမည့်ထိပ်သီးအစည်းအဝေးကို “နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးသောအခိုက်အတန့်တစ်ခု” လို့ခေါ်ပြီး ကုန်သွယ်ရေးသဘောတူညီချက်အသစ်သည် “စျေးကွက်ဖွင့်ရန်၊ အတားအဆီးများကိုဖယ်ရှားကာ သန့်စင်စွမ်းအင်ဆိုင်ရာ နည်းပညာများ၊ ဆေးဝါးများနှင့် ဆီမီးကွန်ဒတ်တာများတွင် အရေးကြီးသော ထောက်ပံ့ရေး ကွင်းဆက်များ ကို အားကောင်းစေမှာပါ” လို့ ပြောသွားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment