နေပြည်တော် ၊ ဇန်နဝါရီ ၂၃
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေးလမ်းတွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လမ်းဥပဓိရုပ် ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် ပြည်ထောင်စုရန်ပုံငွေ (၂၉၆ ဒသမ ၅၂) ကျပ်သန်းဖြင့် ဆောင်ရွက်နေသော ပျဉ်းမနား-တောင်ညိုလမ်း မိုင်(၁၃/၃-၁၇/၀)တွင် (၁ မိုင် ၂ ဖာလုံ) အရှည် လမ်းမျက်နှာပြင်အား အနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်ညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများနှင့်အတူ မင်းကုန်းကျေးရွာ၊ ကွင်းအမှတ် (၁၈၈၉)၊ တောင်သူ ဦးလှထွန်း၏ စိုက်ဧက လေးဧကတွင် ဆီထွက်သီးနှံ တွန်တာနီမြေပဲမျိုး စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးပြီး တောင်သူများအား စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နှစ်သုံးသီးရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေများစနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ရရှိရေးနည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေးနှင့် စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အချိန်ကိုက်ဖြစ်စေရေးတို့ကိုမှာကြားသည်။ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် ဇလောင်းကျေးရွာ၊ ကွင်းအမှတ်(၁၈၈၅) တောင်သူ ဦးထွန်းဝေ၏ လယ်မြေတွင် ဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးရန် မြေပြုပြင်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)
https://t.me/MyanmarNationalPost
No comments:
Post a Comment