Pages

Pages

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် (၂၉) ကြိမ်မြောက် ဂိုဏ်း‌ပေါင်းစုံဆရာ‌တော်ကြီးများ ကြီးမှူးကျင်းပသော ဝိနယပဋိပန္ဓစာအောင်ဆု ဆက်ကပ်ပေးအပ်ပွဲကျင်းပ


ဒဂုံတောင်  ၊ ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် (၂၉) ကြိမ်မြောက် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ ကြီးမှူးကျင်းပသော ဝိနိယပဋိပန္ဓစာအောင်ဆု ဆက်ကပ်ပေးအပ်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် အတုလအောင်ဇေယျုံ ဆုတောင်းပြည့်စေတီတော် (ဦးဘိုးလှဘုရား) သာသနာ့ဗိမာန်၌ ကျင်းပသည်။

၁၃၈၇-ခုနှစ်၊ ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ ကြီးမှူးကျင်းပသော ဝိနိယပဋိပန္ဓစာမေးပွဲတွင် ပထမကြီးတန်း (၈) ပါး၊ ပထမလတ်တန်း (၃၀) ပါး၊ ပထမငယ်တန်း (၂၂) ပါး၊ အခြေပြုမူလတန်း (၉၄) ပါး သာမဏေတန်း (၇၁) ပါး စုစုပေါင်း (၂၂၅) ပါး အောင်မြင်တော်မူကြကြောင်း သိရသည်။

စာအောင်ဆုဆက်ကပ်ပေးအပ်ပွဲအခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ဧည့်ပရိသတ်အပေါင်းတို့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဩဝါဒစရိယဆရာတော် သီရိမင်္ဂလာကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ မဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တကောဝိဒက ဩဝါဒကထာချီးမြှင့်တော်မူ၍ ကြွရောက်လာသော ဆရာတော်များက သဗ္ဗိတိယောဝိဝဇ္ဇန္တုအစရှိသော (၂) ဂါတာကို (၃) ကြိမ်ရွတ်ဆိုပူ‌ဇော်ကာ မေတ္တာဖြန့်ဝေတော်မူကြသည်။

ယင်းနောက် ပထမကြီးတန်း၊ မထမလတ်တန်း၊ ပထငယ်တန်း၊ အ‌ခြေပြုမူလတန်းနှင့် သာမဏေတန်းတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိတော်မူကြသော သံဃာတော်အရှင်မြတ်များကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့် တာဝန်ရှိသူများက စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကြွရောက်လာသော ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုများလှူဒါန်းခြင်း၊ စာအောင်သံဃာတော်များအား သင်္ကန်းလှူဒါန်းခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ မဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တကောဝိဒဆရာတော်ထံမှ အနုမောဒနာတရားနာယူကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး စာအောင်ဆုပေးအပ်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းကြကြောင်း သိရသည်။

နေမျိုးအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment