Pages

Pages

အီရန်မငြိမ်မသက်မှုက အိန္ဒိယဆန်တင်ပို့မှုကို ထိခိုက်သွားပြီ



ဇန်နဝါရီ - ၂၄ (စနေနေ့) 

အီရန်တွင် မကြာသေးမီကဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုများကြောင့် အီရန်နဲ့ မိုင်ပေါင်းထောင်နဲ့ချီဝေးတဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာယာနားပြည်နယ်ရှိ အိန္ဒိယနိုင်ငံရဲ့ ဆန်တင်ပို့မှုနဲ့ ကုန်သွယ်မှု အချက်အချာ နေရာများ အပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ 

အီရန်နိုင်ငံအတွက် ဆန်ရရှိမှု အရင်းအမြစ်က အိန္ဒိယမှ ဖြစ်ပါတယ်။ မနှစ်က ဒီဇင်ဘာလတွင် အိန္ဒိယသည် တရုတ်နိုင်ငံကို ကျော်လွန်ကာ ကမ္ဘာ့ဆန်အများဆုံး ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံက ဆန်တန်ချိန် ၁၄၅ ဒသမ ၂၈ သန်း ထုတ်နိုင်ပြီး အိန္ဒိယက ဆန်တန်ချိန် ၁၅၀ ဒသမ ၁၈ သန်း ထွက်ရှိခဲ့ပါတယ်။ အိန္ဒိယက ဆယ်စုနှစ်တစ်ခုကျော်ကြာ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူဖြစ်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၄၀% ရှိပါတယ်။ 

ဟာယာနားပြည်နယ်က အိန္ဒိယနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး ဆန်ထုတ်လုပ်တဲ့ပြည်နယ်ဖြစ်ပြီး ယခုအခါမှာတော့ ဂိုထောင်တွေမှာ ဆန်လက်ကျန်များ စုပုံနေပါတယ်။ အီရန်ငွေကြေး ရီယယ် ပြိုလဲမှုအပါအဝင် စီးပွားရေးပြဿနာများကြောင့် ဖြစ်ပေါ်ခဲ့သော အီရန်မငြိမ်မသက်မှုများကြောင့် ကုန်သွယ်မှုဆိုင်ရာ အနှောင့်အယှက်များ ဖြစ်လာပါတယ်။ ဟာယာနားရှိ ဆိုနီပက်က ဆန်သိုလှောင်သည့် ဂိုဒေါင်များတွင် လုပ်ငန်းစဉ်များ နဲ့ ကုန်သွယ်ရေး စီးဆင်းမှုသည် နှေးကွေးသွားခဲ့ပါတယ်။

"တန်ဖိုးကွင်းဆက်တစ်ခုလုံးကို ထိခိုက်ထားပါတယ်" လို့ ကုန်သည်တစ်ဦးဖြစ်သူ က ပြောကြားခဲ့ပါတယ်။ “လယ်သမားတွေ၊ ကုန်သည်တွေနဲ့ ထုတ်လုပ်သူတွေ အားလုံး ထိခိုက်နစ်နာတယ်”လို့ဆိုပါတယ်။ ၂၀၂၅ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း အီရန်သို့ အိန္ဒိယ၏ ပို့ကုန်သည် လွန်ခဲ့သည့် တစ်နှစ်လျှင် ကန်ဒေါ်လာ ၈၁၃ သန်းမှ ၇၆၅ သန်းသို့ ကျဆင်းသွားပြီး ၆ % ကျဆင်းသွားပါတယ်။  အီရန်သို့ ဘာစမာတီဆန် တင်ပို့မှုသည် ကန်ဒေါ်လာ ၄၆၈ သန်းရှိသော်လည်း အဆိုပါ တင်ပို့မှု အများအပြားမှာ ယခုအခါ ပိတ်မိနေပြီး ဒေါ်လာ သန်း ၁၈၀ မှ ဒေါ်လာ သန်း ၂၄၀ အထိ ပေးချေမှုများကို ရပ်ဆိုင်းထားကြောင်း အိန္ဒိယ ဆန်တင်ပို့မှု အဖွဲ့ချုပ်က ဆိုပါတယ်။ 

“ဒီတစ်ကြိမ် ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ထူးခြားတာက အီရန်မှာဖြစ်တဲ့ ဆန္ဒပြမှုတွေက လက်လီဆိုင်တွေအထိ ထိခိုက်ခဲ့တာပါ” လို့ အဖွဲ့ချုပ်က ပြောပါတယ်။ 


 REF: RT

#MNP #News

No comments:

Post a Comment