Pages

Pages

ပုသိမ်ကြီးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေး

 




ပုသိမ်ကြီး၊ ဇန်နဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရပ်ကွက်/ကျေးရွာများတွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်းသည်။

အဆိုပါ ကြိုတင်မဲများကို မြို့နယ်အတွင်းရှိ မဲရုံတာဝန်ကျသည့် နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာများရှိ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ ရွေးကောက်ပွဲကျင်းပမည့် ရက်၌ အရေးပေါ်ခရီးသွားမည့် ပြည်သူများသာ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိကြောင်း မဲရုံတာဝန်ကျသူတစ်ဦးထံမှ သိရသည်။ ယင်းနောက် ကြိုတင်ဆန္ဒမဲများကို ဇန်နဝါရီ ၁၅ ရက်မှ ၂၄ ရက်အထိ သက်ဆိုင်ရာ မဲရုံများတွင် နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။


ဇာနည်ကိုကို 

#MNP #News 

No comments:

Post a Comment