သဲကုန်း ၊ ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာဆန္ဒမဲပေးနိုင်ရေးအတွက် သတ်မှတ်မဲရုံ တည်နေရာများလိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံအဖြစ် ကျင်းပပြုလုပ်မည့် ရပ်ကွက်များ၌ ကွင်းဆင်းကြည့်ရှုလိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးယဥ်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးအေးသိုက်နှင့် ကော်မတီအဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်(၄)ခုရှိ သတ်မှတ်မဲရုံတည်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သဲကုန်းမြို့နယ်တွင် ရပ်ကွက် (၁၄)ခု / ကျေးရွာ(၃၉) အုပ်စု၊ မဲရုံ(၁၁၆)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူ (လက်ရှိ) (၈၁၄၈၀) ဦးရှိပြီး ၊ နိုင်ငံရေးပါတီ(၈)ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း (၂၃) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment