Pages

Pages

ဆူဒန်က ကလေးတွေ ကျောင်းမတက်ရတာ ရက် ၅၀၀ ကျော်ကြာသွားပြီ လို့ ဆို


ဇန်နဝါရီ - ၂၅ ( တနင်္ဂနွေနေ့ ) 

ဆူဒန်နိုင်ငံထဲမှာဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် အနည်းဆုံး ကလေး ၈ သန်းသည် ၂၀၂၃ ခုနှစ် ဧပြီလမှစပြီး ရက်ပေါင်း ၅၀၀ နီးပါး ကျောင်းတက်ခွင့်ကို တားမြစ်ထားကြောင်း Save the Children အန်ဂျီအို အဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအဖွဲ့အစည်းက "ကမ္ဘာ့အရှည်ကြာဆုံးကျောင်းပိတ်ခြင်းများထဲမှတစ်ခု" လို့ခေါ်ပြီး တိုက်ပွဲများကြောင့် ပညာရေးကို ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုလိုက်ပါတယ်။ 

ဆူဒန်နိုင်ငံ၏ ကျောင်းနေအရွယ် ကလေး ၁၇ သန်းရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ ကလေး ၈ သန်းကျော်က  စာသင်ခန်းတွေကို သွားခွင့်မရတာ  ၄၈၄ ရက်ခန့် နေထိုင်ခဲ့ကြကြောင်း Save the Children က ကြာသပတေးနေ့ တွင် ထုတ်ပြန်ခဲ့ပြီး “ပဋိပက္ခကြောင့် ကျောင်းများ ပျက်စီးခဲ့ရသော်လည်း အခြားကျောင်းများစွာ ကတော့ ပိတ်ထားခဲ့ရခြင်း သို့မဟုတ် အိုးမဲ့အိမ်မဲ့မိသားစုများအတွက် အမိုးအကာအဖြစ် အသုံးပြုနေကြခြင်းတို့ကြောင့် ကလေးများကို စာသင်ရန် လုံခြုံသောနေရာမရှိတော့ပါဘူး”လို့  ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

ဆူဒန် ပညာရေးဆိုင်ရာအဖွဲ့တွေရဲ့ အချက်အလက်များကို ကိုးကား၍ အန်ဂျီအိုရဲ့ အဆိုအရ မြောက်ဒါဖာသည် ကျောင်းပေါင်း ၁၁၀၀ ကျော်တွင် ၃ ရာခိုင်နှုန်းသာ ဖွင့်လှစ်ရပါသေးတယ်လို့ သိရပါတယ်။ ဆရာအများအပြား သည် လနှင့်ချီပြီး လစာမရဘဲ စိတ်ဓာတ်ကျဆင်းကာ အချို့ကအလုပ်ထွက်သွားပါတယ်။ ဆရာမများအတွက် အရေးတကြီးရန်ပုံငွေ၊ သင်ကြားရန်နေရာများနှင့် မရှိမဖြစ်လိုအပ်သော အထောက်အပံ့များမရှိပါက ပညာရေးစနစ် ပြိုလဲသွားနိုင်ကြောင်း Save the Children က  သတိပေးထားပါတယ်။ 

နိုင်ငံတကာ Save the Children အမှုဆောင်အရာရှိချုပ် က "ပညာရေးသည် ကလေးများအတွက် ဇိမ်ခံပစ္စည်း မဟုတ်ပါ၊ ၎င်းသည် ကလေးများအား ခေါင်းပုံဖြတ်ခြင်း၊ အစောပိုင်းအိမ်ထောင်ပြုခြင်းနှင့် လက်နက်ကိုင်အဖွဲ့များ သို့ စုဆောင်းခြင်းမှ ကာကွယ်ပေးတဲ့ အသက်သွေးကြောတစ်ခုဖြစ်တယ်” လို့ ဆိုပါတယ်။ ၎င်းက "လုံခြုံရေး၊ တည်ငြိမ်မှုနှင့် အနာဂတ်မျှော်လင့်ချက်တို့ကို ပေးဆောင်တယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နှင့် အရန်ထောက်ပံ့ရေးတပ် (RSF) တို့ကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် လူပေါင်း ၁၃ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ 


REF: RT

#MNP #News #Election


No comments:

Post a Comment