Pages

Pages

ကြို့ပင်ကောက်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)အတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး



ကြို့ပင်ကောက်  ၊ ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဖေအောင်သူနှင့် အဖွဲ့ဝင်များက ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မဲရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မဲရုံတာဝန်ရှိသူများအား အထွေထွေရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးရန် မဲရုံသို့ လာရောက်သော ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ဝင်များက အစွမ်းကုန်ကြိုးစားဆောင်ရွက်ရန်၊ မဲရုံတာဝန်ကျဝန်ထမ်းများမှ မိမိတို့၏တာဝန်များကို လျင်မြန်စွာဆောင်ရွက်ပြီး ဝန်ဆောင်မှုပေးရန်တို့ကို မှာကြား၍ မဲရုံအတွင်း ခင်းကျင်းပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို မဲရုံတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ကြို့ပင်ကောက်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ ၃၉ အုပ်စုတွင် မဲရုံပေါင်း ၅၉ ရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒေသခံပြည်သူ ၅၉၄၄၂  ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment